ကြံ့ခင်းမြို့မှာ VPNအကြောင်းပြကာ လူငယ် ၁၁ဦးကို စစ်အုပ်စုက ဖမ်းဆီး

ဧရာဝတီတိုင်း ကြံ့ခင်းမြို့နယ်မှာ ဇန်နဝါရီလ နောက်ဆုံးအပတ်က စတင်ပြီး မြို့အတွင်း လမ်းဆုံလမ်းခွတွေမှာ ဖုန်းတွေအတွင်း VPN ရှိမရှိစစ်ဆေးကာ လူငယ် ၁၁ဦးအထိ ဖမ်းဆီးခဲ့တယ်လို့ ကြံ့ခင်းမြို့နယ် နွေဦးတော်လှန်ရေးအင်အားစုဆီက သိရပါတယ်။
စစ်အုပ်စုက လမ်းဆုံတွေမှာ အုပ်စုဖွဲ့စစ်ဆေးရေးတွေလုပ်ဆောင်ပြီး ဖုန်းတွေထဲမှာ VPNရှိမရှိ တောင်းယူစစ်ဆေးပြီး VPN အသုံးပြုနေသူတွေကို ဖမ်းဆီးသွားတာပဲဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးခံရတဲ့ လူငယ် ၁၁ဦးထဲမှာ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၂ဦးလည်း ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။