မြိုင်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်မိုင်းဆွဲခံရ၊ ၂ ဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့က သပြေညိုရေနံမှော်နဲ့ ရေကားရေနံမှော်ကြားမှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်သား ၁၀၀ လောက်ကို မြိုင် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရအကြမ်းဖက် တပ်သားတွေလည်း ရှိတယ်လို့ မြိုင်PDF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်တပ်ဟာ မြိုင်နဲ့ပေါက်မြို့နယ်ကြား ရေနံမှော်တွေထဲက လက်ယက်ရေနံကျင်းပိုင်ရှင်တွေဆီက ပိုက်ဆံတောင်းခဲ့သလို ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ရေနံကျင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။