၂၈၊ဇန်နဝါရီလ၊၂၀၂၂။
တစ်ရက်ကြိုတင် ဈေးဝယ်ထားပြီး ဖေဖေါ်ဝါရီ၁ရက်နေ့မှာ လမ်းမပေါ်မတက်၊ကားမထွက်ဘဲ အသံတိတ်သ ပိတ် ဆင် နွှဲကြဖို့ လူထုလှုပ်ရှားမှုအင်အားစုတွေက လှုံ့ဆော်နေပါတယ်။
ဖေဖေါ်ဝါရီ၁ရက်နေ့၊ မြန်မာနိုင်ငံတစ်ဝန်း အသံတိတ်သပိတ် ကျင်းပမယ့်အပေါ် အကြမ်းဖက်စစ်အုပ်စု ဝင် တွေက ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးမယ့်အပြင် ဖေဖေါ်ဝါရီ၁ရက်မှာ ဆိုင်မထွက်ပါက မထွက်တဲ့ဆိုင်တွေကို ပိတ်သိမ်းရုံတင်မက လူကိုပါ ဖမ်းဆီးမယ်ဆိုပြီး မြန်မာနိုင်ငံအနှံ့ခြိမ်းခြောက်နေတာကြောင့် သပိတ်အင်အား စုက အသံတိတ်သပိတ်ဆင်နွှဲနိုင်မယ့် နည်းလမ်းသစ်နဲ့ လူမှုကွန်ရက်ပေါ် ထပ်မံလှုံ့ဆော်နေခြင်းဖြစ်ပါတယ်။
ရန်ကုန်လူထုသပိတ်မှာပါဝင်တဲ့တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက ‘ဆိုင်ပိတ်ရင်ဖမ်းမှာဆိုတော့ ကျွန်တော် တို့ပြည်သူတွေကို အထိခိုက်မခံစေချင်တဲ့အတွက် ဆိုင်ပိတ်ဖို့ မတောင်းဆိုပါဘူး။ဆိုင်ဖွင့်ပေမဲ့ လူမလာရင် လည်း ဘာမှမဖြစ်ဘူးဆိုတော့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ တစ်ရက်ကြိုပြီးဝယ်စရာရှိတာဝယ်ပါ။၁ရက် နေ့အပြင်မထွက်ကြပါနဲ့လို့ တောင်းဆိုလိုက်တာပါ’လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်မှာကိုယ်နေခြင်းနဲ့လမ်းမပေါ် ကားမထွက်ခြင်းကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဘယ်လိုအကြောင်းပြချက်နဲ့မှ အရေးယူလို့မရဘူးလို့ ရန်ကုန်မြို့နေ တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါ တယ်။
တကသကျောင်းသားဟောင်းများအင်အားစုဝင်ကိုနန်းလင်းက ဖေဖေါ်ဝါရီ၁ရက်နေ့နဲ့ပတ်သက်ပြီးဦးစားပေး တောင်းဆိုချင်တာ ဆိုင်ပိတ်ဖို့ဖြစ်ပြီးအခြေအနေအရ ဆိုင်မပိတ်နိုင်ပါက အသံတိတ်သပိတ်ဆင်နွှဲချိန်မနက် ၁၀နာရီကနေ ညနေ၄နာရီအတွင်း လူတွေ၊ကားတွေ၊တက္ကစီတွေ အပြင်မထွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
‘ကားမရှိ၊ လူမရှိ၊ အလုပ်သမားမရှိပဲနဲ့ ဘယ်ဆိုင်မှ run နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ပိတ်လို့မရနိုင်တဲ့အခြေအ နေရှိရင် ပါးနပ်တဲ့နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ကြပါ’လို့သူကပြောပါတယ်။
ဒီဇင်ဘာ၁၀ရက်က မြန်မာတစ်နိုင်ငံလုံး တိတ်ဆိတ်ခဲ့တဲ့ အသံတိတ်သပိတ်ဟာ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီရေးစိတ်ဓာတ်နဲ့ အာဏာရှင်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း နိုင်ငံတကာက အလေး အနက်သိရှိခဲ့သလို အကြမ်းဖက်စစ်အုပ်စုအတွက် အကြီးအကျယ်ခြောက်ခြားခဲ့ရတယ်လို့ မုံရွာမြို့နေနိုင်ငံ ရေး အကျဉ်းသားဟောင်းတစ်ဦးကပြောပါတယ်။
ဒါ့ကြောင့် နောက်တစ်ကြိမ် ခြောက်ခြားဖွယ်ဖြစ်ရပ်မျိုးကို ရင်မဆိုင်ရဲတော့တဲ့အတွက် ကမ္ဘာပေါ်မှာမကြားဖူး တဲ့ခေါင်းစဉ်တွေနဲ့ အရှက်ကင်းမဲ့စွာ ပြည်သူကိုခြိမ်းခြောက်နေခြင်းဖြစ်တယ်လို့လည်း သူကပြောပါတယ်။
‘နိုင်ငံတကာမှာလူဝင်ဆန့်ချင်ပါတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်တွေဟာ ကမ္ဘာကိုရော၊ မြန်မာကိုပါ ဒီလူတွေ ဘယ်လောင်တောင် အာဏာရူးသလဲဆိုတာ ရှင်းရှင်းကြီးကိုပြသနေပါတယ်’လို့ ကိုနန်းလင်းကဆက် ပြောပါတယ်။