၂၆၊ဇန်နဝါရီလ၊၂၀၂၂။
ပြည်သူတွေဆီ လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း၂၀၀ကျော်ကို NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၁ဒီဇင်ဘာလအတွင်း ပေးပို့ နိုင် ခဲ့တယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့စစ်ဘေးရှောင်တွေကို၁၂၇.၄၅ သန်း၊
ကျဆုံးပုဂ္ဂိုလ်တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို၁၈.၁၀ သန်း၊ဝန်ကြီးဌာန CDM ဝန်ထမ်းတွေကို၁၀.၁၀ သန်း၊CDM ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ကလေး (၂) နှစ်အောက်ရှိ မိခင်၊ မသန်စွမ်းအပါအဝင် ထိခိုက်လွယ် ပြည် သူတွေကို၈.၈၂ သန်း၊ တော်လှန်ရေးကာလ ပြည်သူတွေဆီ ရိက္ခာအဖြစ် ၃၄.၃၀ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ၁၃.၄၉ သန်း စုစုပေါင်း ၂၁၂ဒဿမ၂၆သန်း ပံ့ပိုးနိုင်ခဲ့ တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။
အခုလိုထောက်ပံ့ပေးနိုင်ရေးအတွက် ပြည်တွင်း ပြည်ပက ဝိုင်းဝန်းလှူဒါန်းပေးကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းဖော်ပြပါတယ်။