အာဏာသိမ်းပြီးနောက် ထိုင်းကိုမြန်မာတွေ တရားမဝင် ဝင်ရောက်မှု ဆယ်စုနှစ်အတွင်းအများဆုံး

၂၅၊ဇန်နဝါရီလ၊ ၂၀၂၂။

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲကိုတရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အစုလိုက်အပြုံလိုက် ဝင်လာတာဟာ ဆယ်စုနှစ်၂ခုအတွင်းအများဆုံးဖြစ်တယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း (FED)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစုဖွဲ့ထားတဲ့ MWG ရဲ့ စစ်တမ်းအရ အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၁ခုနှစ်ကုန်အထိ ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာသူ မြန်မာ၆သောင်းခွဲကို ဖမ်းဆီးမိပြီး မြန်မာနိုင်ငံကိုပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

‘မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဆိုးကြောင့် အလုပ်အကိုင်ရှားပါးလာတာတစ်ကြောင်း စစ်အာဏာသိမ်းထားလို့ နိုင် ငံရေးမတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အဲဒီ၂ခုပေါင်းပြီး တော့ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းမှာလုံခြုံရေးတင်းကျပ်နေတဲ့ကြားက နည်းလမ်းပေါင်းစုံနဲ့ဝင်လာတာ’လို့ ဦးထူးချစ်ကပြောပါတယ်။

ဖမ်းဆီးခံရမှုဟာ ၆သောင်းခွဲရှိတာကြောင့် ထိုင်းနိုင်ငံထဲ တရားမဝင်လာတဲ့မြန်မာရွှေ့ပြောင်းလုပ်သား၂သိန်း လောက်ရှိမယ်လို့ခန့်မှန်းနိုင်ကြောင်းသူကပြောပါတယ်။

ထိုင်းနိုင်ငံထဲဖမ်းဆီးခံရတဲ့လူတွေနဲ့ တွေ့ဆုံမေးမြန်းကာ စစ်တမ်းပြုလုပ်ထားချက်အရ လူပွဲစားတွေကိုပေး ရတဲ့ ဝန်ဆောင်ခဟာ ဘတ်တစ်သောင်းခွဲကနေ နှစ်သောင်းခွဲအထိရှိပြီး ဆယ်စုနှစ်စုစာအတွင်းအများ ဆုံးဖြစ်တယ် လို့သိရပါတယ်။

‘မြန်မာနိုင်ငံထဲက လာခဲ့တဲ့နေရာရယ်၊ထိုင်းနိုင်ငံထဲက သွားမယ့်နေရာနဲ့သူတို့ရှာဖွေပေးတဲ့အလုပ်အကိုင်ပေါ် မူတည်ပြီး ဘတ်တစ်သောင်းခွဲကနေ နှစ်သောင်းခွဲအထိပေးရတာ’လို့သူကပြောပါတယ်။

အာဏာမသိမ်းခင် အရင်တုန်းက ဝန်ဆောင်ခဘတ်ထောင်ဂဏန်းသာပေးရတယ်လို့သိရပါတယ်။
ကိုဗစ်အခြေအနေကြောင့် ထိုင်းနိုင်ငံထဲအဝင် နယ်စပ်ဂိတ်တွေကို ထိုင်းအစိုးရကပိတ်ထားပြီး လုံခြုံရေးတင်း ကျပ်ထားပါတယ်။