၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုအနက် ၁၁ ခုမှာကုန်သွယ်မှုဆက်လက်ကျဆင်း နေတယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။
နောက်ဆုံးသိရတဲ့ တရားဝင် စာရင်းတွေအရ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၄ ခုရှိတဲ့အထဲက ၁၁ ခုမှာ ကုန်သွယ်မှု ဆက်လက် ကျဆင်းနေပြီးအကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းတခုဖြစ်တဲ့ မူဆယ်စခန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။
တာချီလိတ် စခန်းမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ကျဆင်းခဲ့ပြီး မြ၀တီစခန်းမှာ အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော် တက်လာတယ်လို့သိရပါတယ်။
အဲဒီ စာရင်းအချက်အလက်တွေဟာ အာဏာမသိမ်းခင် ခြောက်လနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လကို နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။
မြဝတီမှာတော့ ဒီဇင်ဘာ၁၄ရက်နေ့ကစလို့ အကြမ်းဖက်စစ်တပ်က ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသကို ကျူးကျော်စီးနင်းရာကစလို့ ဒီနေ့ထိတိုင်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေသလို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေပါ သုံးနေတာကြောင့် နယ်စပ်တရားမဝင်ကုန် သွယ်မှုတွေပင် ရပ်နေပြီး မြန်မာဒုက္ခသည်တွေသာ ထိုင်းဘက်ကမ်းရောက်ရှိနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း၇လတာအတွင်း မြန်မာနိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဟာကန်ဒေါ်လာ၃၃သန်း ကျော်သာရှိပါတယ်။
မကြာသေးမီကပဲ ကမ္ဘာကျော်အဝတ်အထည်ထုတ်လုပ်တဲ့ကုမ္ပဏီ၂၀ကျော်ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းအပ်တာကို ရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့သလို မြန်မာနိုင်ငံတွင်းရင်းနှီး မြှုပ်နှံထားတဲ့လုပ်ငန်း၂၁ခု ဟာအာဏာသိမ်းပြီးနောက်မှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်အထိ)နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်အထိ) နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကျဆင်း သွားတဲ့အကြောင်း ISP-Myanmar ကဆိုပါတယ်။