Click2Donate အစီအစဉ်ကနေ ၂၃ရက်အတွင်း သိန်းပေါင်း ၇၅၀၀ကျော်ရရှိထားပြီး မဟာဗျူဟာအရလိုအပ်တဲ့နေရာကို လှူဒါန်းမယ်

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

Click2Donate အစီအစဉ်ကနေ ၂၃ရက်အတွင်း သိန်းပေါင်း ၇၅၀၀ကျော်အထိ ရရှိထားပြီးဖြစ်ကာ မဟာဗျူဟာအရ လိုအပ်နေတဲ့ နေရာတွေကို ခွဲဝေလှူဒါန်းသွားမယ်လို့ Click2Donateက ကြေညာထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုလက်အောက်က လွတ်မြောက်လိုတဲ့ မြန်မာပြည်သူတွေဟာ Click2Donate ရဲ့ Onlineအသုံးပြု ဝင်ငွေရစေတဲ့နည်းတွေကို အသုံးပြုပြီး ပူးပေါင်းပါဝင်မှုတွေ မြင့်တက်ခဲ့တာကြောင့် ဒီဇင်ဘာလ ၁ရက်နေ့က ၂၃ရက်နေ့အထိ ၂၃ရက်တာအတွင်းမှာ အခုလိုသိန်းပေါင်းများစွာ အလှူငွေရရှိခဲ့တာပဲဖြစ်ပါတယ်။

အလှူငွေတွေကို လှူဒါန်းရာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းရခြင်းမရှိသေးတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကိုပါ ခွဲဝေလှူဒါန်းပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

C2D အစီအစဉ်တွေဖြစ်တဲ့ C2D app၊ လက်ဆောင်၊ လက်ဆောင်ပန်းသီး၊ လက်ဆောင်၄ယူ ပန်သီး၊ weclick4pdf၊ pyithubawa အစီအစဉ်တွေကနေ နေ့စဉ် ပျမ်းမျှ သိန်းသုံးရာငါးဆယ်ဝန်းကျင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

C2D အစီအစဉ်တွေမှာ ပါဝင်ပေးရင်း အကြမ်းဖက်စစ်အုပ်စု အပြီးတိုင် ပြုတ်ကျရေးကြိုးပမ်းမှုတွေထဲ ပြည်သူတွေပိုမို ပါဝင်လာပါဖို့အတွက်လည်း C2D page က မေတ္တာရပ်ခံမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

နိုဝင်ဘာလအတွင်းမှာ Click2Donate အစီအစဉ်တွေကနေ သိန်းပေါင်း သုံးထောင့်ငါးရာကျော် ရရှိခဲ့တယ်လို့ သိရပြီး ဒီဇင်ဘာလအတွင်းမှာတော့ ၂၃ရက်အတွင်း C2D ကနေ သိန်းပေါင်း ၇၅၀၀ကျော် income ရှိထားတာဖြစ်တဲ့အတွက် ယခင်လထက် နှစ်ဆကျော် များပြားလာခဲ့တာလည်း ဖြစ်ပါတယ်။