ခရစ္စမတ်ကာလမှာ သေကြေပျက်စီးဆုံးရှုံးနေရတဲ့မြန်မာပြည်သူတွေကို ကိုယ်ချင်းစာကြောင်းဗြိတိသျှသံအမတ်ပြော

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မြန်မာ ပြည်သူများစွာဟာ ခရစ္စမတ်ကာလမှာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲရမယ့်အစား စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်‌ေတွဖြစ်တဲ့ သေကြေ ပျက်စီး ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေကြရတဲ့အပေါ် ကိုယ်ချင်းစာကြောင်း ဗြိတိသျှသံအမတ် Pete Vowles ကပြောပါတယ်။

ခရစ္စမတ်ကာလဟာ စည်းလုံးညီညွတ်မှုအတွက် အချိန်အခါဖြစ်ပြီး ဗြိတိသျှသံရုံးမိသားစု၀င်အားလုံးရဲ့ကိုယ်စား အခုအခက်အခဲဒုက္ခတွေနဲ့ ကြုံတွေ့ခံစားနေရတဲ့ မြန်မာပြည်သူလူထုအတွက် ကိုယ်ချင်းစာကြောင်း သူကပြောပါတယ်။

အထူးသဖြင့် စစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အလွဲသုံးစားလုပ်ခံ‌ေနရတဲ့ မြန်မာနိုင်ငံတလွှားက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တခြားဘာသာဝင်တွေအတွက် ဆုတောင်းပေးနေတဲ့အကြောင်း

ဘာသာရေး အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခြင်းနဲ့ အသင်းတော်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထားခြင်းကဲ့သို့ လတ်တလော အကြမ်းဖက်မှုတွေဟာ ဘာသာရေးယုံကြည်ချက်ဖြစ်တဲ့ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ကြောင်းသူကပြောပါတယ်။

ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှု‌ေတွနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူအားလုံးနဲ့အတူ ယူကေအစိုးရကဆက်လက်ရပ်တည်သွားမှာဖြစ်ပြီးကျူးလွန်မှု‌ေတွအတွက် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်းသူကခရစ္စမတ်သတင်းစကားပါးလိုက်ပါတယ်။

Delta News Agency

Read Previous

Click2Donate အစီအစဉ်ကနေ ၂၃ရက်အတွင်း သိန်းပေါင်း ၇၅၀၀ကျော်ရရှိထားပြီး မဟာဗျူဟာအရလိုအပ်တဲ့နေရာကို လှူဒါန်းမယ်

Read Next

ထိုင်းဘက်ပြေးလာတဲ့ မြန်မာစစ်ဘေးသင့်တွေကို ကူညီကာကွယ်ပေးဖို့ ထိုင်းအစိုးရကို NGO၁၅ဖွဲ့ တောင်းဆို