၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက ကားနဲ့တိုက်သတ်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ အပြုအမှုဟာ လူသားစားလူရိုင်းတွေရဲ့ အပြုအမှုသာဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူရဲ့ တွစ်တာလူမှုကွန်ရက်ကနေ ရေးသားလိုက်ပါတယ်။
“စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းတဲ့ လူသားစားလူရိုင်းတွေရဲ့လုပ်ရုပ်မျိုးကို လူ့အသက်ပဓာနမထားဘဲ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လိုက်တာပဲ။ ဘယ်လိုနည်းနဲ့မှ မှန်တယ်လို့ ပြောလို့မရနိုင်ဘူး”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။
ရန်ကုန်မြို့လယ် ပန်းပင်ကြီးလမ်းမှာ အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လက်နက်မဲ့ပြည်သူတွေကို ကားနဲ့ဝင်တိုက်သတ်ကာ ကျည်အစစ်တွေအသုံးပြုပြီး ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ သတင်းထောက် ၂ဦးအပါအဝင် ပြည်သူ ၁၁ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အခုလို လုပ်ဆောင်ချက်နဲ့ ပက်သက်ပြီး ကမ္ဘာ့နိုင်ငံအများအပြားက အံ့ဩတုန်လှုပ်မိကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။