၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink ရဲ့ အာဆီယံ၄နိုင်ငံ ခရီးစဉ် အတွင်း မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေရပ်ဖို့ ဘယ်လိုဖိအားပေးမလဲ ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှား ၊မလေးရှားနဲ့ စင်ကာပူကို ရောက်ရှိပြီးနောက် သူ့ခရီးစဉ်ရဲ့အဆုံးသတ်အဖြစ်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို ရောက်ရှိ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။
အခု ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံထဲလူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်နိုင်ဖို့နဲ့ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားဖို့ ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မစ္စတာ ကရစ်တင်ဘရင့်က အတည်ပြုကြောင်း BBC ကဖော်ပြပါတယ်။
အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို အမေရိကန်ကိုရွေးမလား၊ တရုတ်ကို ရွေးမလား ဆိုပြီး ပြောမှာမဟုတ်ဘူးလို့ ဘန်ကောက်မြို့မှာ အမေရိကန်လက်ထောက်နိုင်ငံခြား ရေးဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။
သူရဲ့အာဆီယံ၄နိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာ၂၇ရက်နေ့ကနေ ဒီဇင်ဘာ၄ရက်နေ့အထိဖြစ်ပြီး ၄နိုင်ငံက အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကာ ဆွေးနွေးမှုတိုင်းမှာ မြန်မာ့အ ရေးဟာ ထိပ်ကပါဝင်ပါတယ်။