သထုံမြို့ပေါ်မှာ အကြမ်းဖက်စစ်သားတွေ သေနတ်အချက်ပေါင်းများစွာ ခြောက်လှန့်ပစ်ခတ်

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

မွန်ပြည်နယ်၊သထုံမြို့ပေါ်မှာ ယမန်နေ့ည၉နာရီကျော်ကစလို့ အကြမ်းဖက်စစ်တပ်က သေနတ်အချက်ပေါင်း များစွာခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။

ယမန်နေ့ည၉နာရီကျော်ကစတင်ကာ ည၁၁နာရီလောက်အထိ အတွဲလိုက်ပစ်တဲ့သေနတ်သံတွေရော တစ် ချက်ချင်းပစ်ခတ်သံတွေကိုပါ အနီးကပ်ကြားခဲ့လို့ သထုံမြို့ပေါ်မှာ တိုက်ပွဲဖြစ်နေပြီလို့ ထင်ကြကြောင်း သထုံ ပြည်သူအချို့ကပြောပါတယ်။

‘အာဏာသိမ်းပြီးနောက်ပိုင်း အခုလို အချိန်အကြာကြီးသေနတ်ပစ်သံကြားတာ ဒါ ပထမဆုံးပဲ။အနီးကပ်ကို ကြားရတာဆိုတော့ သထုံတစ်မြို့လုံး တထိတ်ထိတ်နဲ့ အိပ်ရတာ။ကြားဖူးနားဝတွေနဲ့ ကိုယ့်အိမ်ထဲ ကျည် ဖောက်ဝင်မှာစိုးလို့ အခန်းထဲစုပြုံတိုးကြတာ’လို့ သထုံမြို့၊ဘင်လှိုင်ရပ်ကွက်သားတစ်ဦးကပြောပါတယ်။

သထုံမြို့ပေါ်နေပြည်သူတို့ဟာ ည၈နာရီအချိန်လောက်ဆို အရေးပေါ်ကိစ္စရှိသူကလွဲ အပြင်မထွက်ကြတော့ တာမို့ လူထိခိုက်မှုမရှိဘူးလို့ ထင်ကြောင်း သူကပြောပါတယ်။

သထုံမြို့မဈေးနားမှာနေတဲ့ပြည်သူတစ်ဦးက ‘ကျွန်မတို့သထုံမှာ ည၈နာရီလောက်ဆို လမ်းမပေါ် ရှိကြတာ ရိုး ရိုးခွေး၊စစ်ခွေးနဲ့ရဲခွေးတွေပဲ ရှိကြတာ။ညကတိုက်ပွဲဖြစ်တယ်ထင်ပြီး မနက်ရောက်မှ ခြောက်ပစ်မှန်းသိရ တ ယ်။ပြောရမယ်ဆိုရင် ပြည်သူတွေရဲ့ဘဏ္ဍာငွေနဲ့ ဝယ်ထားတဲ့ကျည်ဆန်တွေ၊သေနတ်တွေနဲ့ ပြည်သူကိုခြိမ်း ခြောက်တာ’လို့ ဆိုပါတယ်။

နိုဝင်ဘာ၂၆ရက်နေ့မနက်၅နာရီခွဲလောက်က သထုံမြို့ပေါ် အဝေးထိန်းမိုင်း၇လုံးပေါက်ကွဲခဲ့တာကြောင့် နောက် ထပ်မိုင်းထောင်ဖောက်ခွဲမှာကို ကြောက်ပြီး ခြောက်လှန့်ပစ်ခတ်တယ်လို့ထင်ကြောင်း သထုံNLDပါတီ ဝင် တစ်ဦးကပြောပါတယ်။

‘အုပ်ချုပ်ရေးပိုင်းမှာရှိတဲ့ကျွန်တော်တို့လူ ပြောပြတာက မိုင်း၇လုံးကွဲပြီးတော့ အုပ်ကြီးတွေနဲ့ရဲတွေ တော်တော် ကြောက်ကြတယ်လို့ သိရတယ်’လို့ သူကပြောပါတယ်။