တွံတေး၊ကံဘဲ့လမ်းဆုံကစလို့ ကော့မှူးဘက်သွားတဲ့လမ်းကို ပိတ်ထား

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊တွံတေးမြို့နယ်၊ကံဘဲ့လမ်းဆုံကစလို့ ကော့မှူး၊ကွမ်းခြံကုန်းဘက်သွားတဲ့လမ်းကို အကြမ်းဖက်စစ်တပ်က လုံးဝပိတ်ထားလိုက်ပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ၁၉ရက်နေ့က တွံတေးမြို့နယ်၊စမ်းရွာရှိ Mytel တာဝါတိုင်စောင့်စစ်သား၂ယောက်ဟာ စမ်းရွာအနီးရှိ လာကပုံရွာမှာ အသတ်ခံရပြီးနောက် နိုဝင်ဘာ ၂၀ရက်နေ့ ညနေ၃နာရီခွဲကစတင်ကာ ဒီနေ့နေ့ခင်းအထိ လမ်းပိတ်ထားတာလို့ တွံတေး မြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကံဘဲ့လမ်းဆုံအနီး ဒလ-ကော့မှူး-ကွမ်ခြံကုန်း-ဖျာပုံ ကားလမ်းမပေါ် ရှိကံဘဲ့ရွာအ လယ်လောက်ကစပြီး ဘုရားကြီးရွာအထိ လမ်းပိတ်လိုက်ခြင်းဖြစ်ပါတယ်။

‘၂၀ရက်လောက်ကစပြီး လမ်းပိတ်ထားတဲ့နေရာမှာ စစ်သားတွေ တော်တော်များများကိုတွေ့ရတယ်။ပထမ ကြားတာက စစ်သား၂ယောက်အသတ်ခံရတာကြောင့်။ထပ်ကြားတာက ဗိုလ်မှူးတစ်ယောက်နဲ့ သူ့အောက် ကစစ်သားတွေ၁၀ယောက်ကျော် CDM လုပ်တာကြောင့်လို့လည်း အဲဒီလောက်တင်းကျပ်နေတာလို့ကြား တယ်။ဘာ့ကြောင့်လမ်းပိတ်သလဲဆိုတာကို အတည်မပြုနိုင်ပေမဲ့ စစ်သား၂ယောက်အသတ်ခံရလို့ အဲဒီ လောက်စစ်အင်အားများများနဲ့ အခုလို ၆ရက်ကြာတဲ့အထိ လမ်းပိတ်စရာမလိုဘူးထင်တယ်’လို့ သူကပြောပါ တယ်။

လမ်းပိတ်ခါစ၂ရက်လောက်အထိ ကားတွေမဖြတ်ရတာကလွဲ တင်းကျပ်မှုမရှိပေမဲ့ အခုအခါ ကားနဲ့ ဆိုင်ကယ် ကိုလုံးဝအဖြတ်မခံတော့သလို ရွာတွေထဲဝင်လို့ရတဲ့ လမ်းသွယ်တွေကိုပါ လုံးဝပိတ်ဆို့ထားလိုက်ပြီလို့သိရပါ တယ်။

ကံဘဲ့၊စမ်းရွာ၊ပေါက်တော၊လာကပုံ၊ကျိုကသလဲနဲ့ ဘုရားကြီးရွာတို့ဟာ လမ်းပိတ်ထားတာကြောင့် အပြင်လုံး ဝထွက်မရဖြစ်နေကာ စားသောက်ရေးပင် ခက်လာတယ်လို့ သိရပါတယ်။

‘၂၀ရက်နေ့ကစလို့ အဲဒီရွာ၅ရွာဘေး ကားလမ်းမဘေးက လမ်းဘေးဆိုင်တွေကိုလည်း ကျူးကျော်ဆိုပြီး အကုန်အဖျက်ခံရ တယ်’လို့လည်း သူကဆက်ပြောပါတယ်။

လမ်းပိတ်ထားတာကြောင့် ဒလကနေ ကော့မှူး၊ကွမ်းခြံကုန်းဘက်သွားလိုသူတွေဟာ ဒလ၊ဓနုတ်ရွာဘက်က ပတ်သွားရပြီး ဖျာပုံကို မအူပင်ဘက်ကနေ သွားရတယ်လို့ သိရပါတယ်။

‘လိုင်းကားတွေတော့ သွားလို့အဆင်မပြေလောက်ဘူး။ဒလ-တွံတေးတော့ သွားလို့ရတယ်။ကျန်တာက တက္ကစီတွေပဲသွားလို့ရမယ်’လို့ သူကဆက်ပြောပါတယ်။