
၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။
ရီးရဲလ်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာကတည်းက အသင်းအတွက် တစ်ပွဲမှ ပါဝင် ကစားခွင့် မရသေးတဲ့ ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ လာမယ့် ကြာသပတေးနေ့ နံနက် ၂ နာရီခွဲအချိန်မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက် ပီအက်စ်ဂျီလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ စပိန်ဝါရင့်နောက်ခံလူဟာ မန်စီးတီးနဲ့ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်က သူ့အတွက် ပထမဦးဆုံး ပွဲကစားခွင့်ရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဖွယ် ရှိနေခဲ့တာပါ။
ပီအက်စ်ဂျီအသင်းကတော့ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်အတွက် လူစာရင်းကို ထုတ်ပြန်အသိပေးထားပြီးလည်းဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းဟာ အုပ်စု A မှာ လေးပွဲကစားပြီး တစ်မှတ်အကွာနဲ့ အထက်အောက် ရပ်တည်နေပါတယ်။ နှစ်သင်းစလုံးက အုပ်စုဗိုလ်ဖြစ်ရေး ဂုဏ်သိက္ခာအတွက် အရေးပါနေခဲ့ပါတယ်။
ပထမအကျော့ ပီအက်စ်ဂျီကွင်းမှာ မန်စီးတီးအသင်းက ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာကြောင့် လာမယ့် ကြာသပတေးနေ့ နံနက်မှာ ကစားမယ့် ပွဲစဉ်က မန်စီးတီးအသင်းအတွက်လည်း အရေးပါနေခဲ့ပါတယ်။