အာဆီယံ ရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို NUG ဝန်ကြီးတက်ရောက်မယ်

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

အာဆီယံနိုင်ငံဝန်ကြီးများဆွေးနွေးပွဲတစ်ခုကိုအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီး တက်ရောက်ဖို့ ဖိတ်ကြားခံရလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တက်ရောက်မယ်လို့သိရပါတယ်။

ဒေါက်တာတူးခေါင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကပ်ဘေးရင်ဆိုင်ရင်း ရာသီဥတုဆိုင်ရာအန္တရာယ်နဲ့ သံတမန်ရေးစိန်ခေါ်မှုတွေကို နိုဝင်ဘာ ၂၃ရက်ကနေ ၂၄ရက်အထိ နှစ်ရက်တာဆွေးနွေးကြမှာဖြစ် တယ်လို့ ဘီဘီစီကဖော်ပြပါတယ်။

‘ဒါဟာ အာဆီယံရဲ့ရဲရင့်တဲ့ဆုံးဖြတ်ချက်နဲ့ NUG အစိုးရအတွက် ကြီးမားတဲ့သံတမန်ရေးအောင်မြင်မှုပါပဲ’လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို နိုင်ငံတကာသိပ္ပံကောင်စီကကြီးမှူးကျင်းပတာလို့သိရပါတယ်။