၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။
အီတလီလက်ရွေးစင်အသင်းနည်းပြ မန်ချီနီက သူ့အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မယ်လို့ ယုံကြည်မှုအပြည့်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မြောက်အိုင်ယာလန်နဲ့ ဂိုးမရှိသရေကျလိုက်ရတဲ့ပွဲစဉ်အပြီးမှာ အီတလီက တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခွင့်ကို ဆုံးရှုူံးလိုက်ရပြီး ထပ်ဆင့် Play-Offs ခြေစစ်ပွဲ ကစားရဖို့ အကြောင်းဖန်သွားခဲ့ရပြီပဲဖြစ်ပါတယ်။
အီတလီအသင်း ပါဝင်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ဆွစ်ဇာလန်က အီတလီကို ကျော်ပြီး ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်သွားခဲ့ပြီး အီတလီကတော့ လာမယ့် မတ်လမှာကျင်းပမယ့် ထပ်ဆင့်ခြေစစ်ပွဲကနေတဆင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ကို ရုန်းကန်ရတော့မှာပဲဖြစ်ပါတယ်။
“အရမ်းပဲ စိတ်ပျက်မိပါတယ်။ အခြေအနေတွေ ရှုပ်ထွေးသွားအောင် ကျွန်တော်တို့ကိုယ်တိုင် လုပ်လိုက်မိတာပါပဲ။ တကယ်တော့ ပြီးခဲ့တဲ့ နှစ်ပွဲလောက်ကတည်းက ခြေစစ်ပွဲအောင်ဖို့ အခွင့်အလမ်းကို ကျွန်တော်တို့ ပိုင်ဆိုင်ထားခဲ့သင့်တာပါ။ ဒါပေမဲ့ အဲ့ဒီအခွင့်အရေးကို ကျွန်တော်တို့ အရမယူနိုင်ခဲ့ပါဘူး။ အခုတော့ မြေပြင်မှာ ခြေထောက်တွေကို မြဲမြဲမြံမြံ ရပ်ထားကြရမယ့်အချိန်ကာလ ရောက်လို့လာပါပြီ။ ကျွန်တော်တို့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်နိုင်မယ့်အလားအလာကောင်းတွေ ရှိနေဆဲပါပဲ”လို့ နည်းပြ မန်ချီနီက ပြောကြားသွားခဲ့ပါတယ်။
အီတလီဟာ ရုရှားမှာကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့် မရဘဲ လွဲချော်ခဲ့ရပြီး အဲ့ဒီတုန်းကလည်း Play-Offs ခြေစစ်ပွဲမှာ ရလဒ်မကောင်းဖြစ်ကာ အီတလီက ခြေစစ်ပွဲ ကျရှုံးခဲ့ရတာဖြစ်ပါတယ်။