ရောဘတ်ဆန် တံကောက်ကြော ဒဏ်ရာရသွားသည့်အတွက် လီဗာပူး အခက်ကြုံ

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။
လီဗာပူးနောက်ခံလူ အန်ဒီ ရောဘတ်ဆန်ဟာ စကော့တလန်ကနေ ဒိန်းမတ်ကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တံကောက်ကြောထိခိုက်ဒဏ်ရာ ရသွားခဲ့တာကြောင့် လီဗာပူးအတွက် အခက်ကြုံစရာအခြေအနေတွေ ဖြစ်လာဖို့ရှိနေပြီလို့ သိရပါတယ်။
စကော့တလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် ၂၀၂၂ ခုနှစ် မတ်လမှာ ထပ်ဆင့်ခြေစစ်ပွဲ ဆက်လက် ကစားရဦးမှာဖြစ်ပြီး ဒိန်းမတ်နဲ့ပွဲက စကော့တလန်အတွက် အနိုင်အရှုံး အရေးမပါတော့တဲ့အတွက် အဲ့ဒီပွဲမှာ ရောဘတ်ဆန်လို ကစားသမားကို ပွဲထုတ်တဲ့အတွက် စကော့တလန်ည်းပြ စတိဗ်ကလပ်ခ်ကို လီဗာပူးအသင်းတာဝန်ရှိသူတွေက ဒေါသပေါက်ကွဲနေကြပါတယ်။
လက်ရှိမှာ ရောဘတ်ဆန်ရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေ ဆောင်ရွက်နေဆဲဖြစ်ပြီး ဒဏ်ရာအခြေအနေ ပြင်းထန်ခြင်း ရှိ၊ မရှိကို စကော့တလန်ဘောလုံးအဖွဲ့ချုပ်ဘက်ကရော လီဗာပူးအသင်းဘက်ကပါ သတင်းထုတ်ပြန်ခြင်း မရှိသေးတာကို မြင်တွေ့ရပါတယ်။
လက်ရှိမှာတော့ လီဗာပူးဟာ အဓိက ကစားသမား အများအပြားကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီး ဆီနီဂေါအသင်းကို ကိုယ်စားပြုကာ ဆီနီဂေါနဲ့ တိုဂိုတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ပါဝင်ကစားခဲ့တဲ့ လီဗာပူးတိုက်စစ်တောင်ပံကစားသမား မာနေးဟာလည်း လက်ရှိမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
ရောဘတ်ဆန်ဟာ စကော့တလန်နဲ့ ဒိန်းမတ်တို့ရဲ့ပွဲစဉ် ပွဲကစားချိန် ၇၃ မိနစ်မှာ ထိခိုက်ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ပြိုင်ပွဲဆက်လက်ကစားဖို့ အဆင်မပြေတော့တာကြောင့် သူ့ကို စကော့တ် မက်ကင်နာနဲ့ လူစားလဲလိုက်ရပါတယ်။
လီဗာပူးဟာ ဟန်ဒါဆန်၊ နာဘီကီတာ၊ ဖာမင်ညို၊ ဂျိမ်းစ်မီလ်နာနဲ့ ဂျိုးဂိုမက်ဇ် စတဲ့ ကစားသမားတွေကိုလည်း ဒဏ်ရာပြဿနာကြောင့် အနားပေးထားရတယ်လို့ သိရပါတယ်။