မန်စီးတီးနောက်ခံလူ ဘင်ဂျာမင်မန်ဒီ နောက်ထပ် မုဒိမ်းမှုနှစ်ခုနဲ့ တရားစွဲခံရ

 

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်စီးတီးနောက်ခံလူ ဘင်ဂျာမင်မန်ဒီကို နောက်ထပ် မုဒိမ်းမှုနှစ်ခုနဲ့ တရားစွဲဆိုပြီး စွဲချက်တင်လိုက်ပါပြီ။ အခုအခါမှာ ဒီနောက်ခံလူအနေနဲ့ စုစုပေါင်း မုဒိမ်းမှု ၆ ခုကို တရားရင်ဆိုင်သွားရတော့မှာပဲဖြစ်ပါတယ်။ 

အသက် ၂၇ နှစ်အရွယ် ဒီပြင်သစ်သားဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ မုဒိမ်းမှု ပြစ်မှုလေးခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

ဘင်ဂျာမင်မန်ဒီ ကျူးလွန်ခဲ့တဲ့ဆိုတဲ့ အသက်အရွယ်တွေမှာ ၁၆ နှစ်အထက်နဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတွေပါဝင်နေပါတယ်။

ဘင်ဂျာမင်မန်ဒီကိုတော့ အခုအခါမှာ လီဗာပူးလ်မြို့ HMP Altcourse မှာ ချုပ်ရမန်ယူပြီး ထိန်းသိမ်းထားပါတယ်။ 

လာမယ့် ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ သူ့ကို ရုံးထုတ်သွားမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။  

ဘင်ဂျာမင်မန်ဒီဟာ မိုနာကိုအသင်းကနေ  မန်စီးတီးအသင်းကို  ၂၀၁၇ ခုနှစ်ကတည်းက လာရောက်ကစားနေသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၇၅ ပွဲကစားထားကာ သွင်းဂိုး ၂ဂိုး သွင်းယူထားပေးပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ စပါးအသင်းကို မန်စီးတီး ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ ပွဲစဉ်ဟာ မန်ဒီအတွက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။