၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။
မွန်ပြည်နယ်၊ရေးမြို့နယ် NLDရုံး ယမန်နေ့ ညနက်ပိုင်းအချိန်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရပါတယ်။
ရေးမြို့အပြင်ဘက် မော်လမြိုင်သွားကားလမ်းဘေးမှာရှိတဲ့ ရေးမြို့နယ်NLDရုံးကို ၂၀၂၀ပြည့်နှစ်တုန်းကမှ ဆောက်လုပ်ခဲ့တာဖြစ်ပြီး သာမန်ပြည်သူတွေ အပြင်မထွက်ရဲကြတဲ့ ညနက်ပိုင်းမှာ ဖောက်ခွဲခံရတာလို့ မွန် ပြည်နယ်အတွင်းရှိ ၂၀၂၀ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးကပြောပါတယ်။
‘ပေါက်ကွဲတဲ့အသံကတော်တော်ကျယ်တယ်ပြောတယ်။ဗုံးကွဲတာလား၊မိုင်းခွဲတာလားတော့မသိဘူး။ဘယ်သူခွဲသ လဲဆိုတာကိုတော့ အထူးမေးစရာမလိုဘူး။စစ်တပ်ကလုပ်တာလူတိုင်းသိတယ်’လို့ သူကပြောပါတယ်။
ပျက်စီးမှုအခြေအနေကိုမူ စုံစမ်းနေဆဲပဲလို့ သူက ဆက်ပြောပါတယ်။
အောက်တိုဘာ၂၃ရက်နေ့ည ၁၁နာရီကျော်ကလည်း မွန်ပြည်နယ်၊သထုံမြို့ NLD ရုံးကို ပြင်းအားမြင့် ဗုံး နဲ့ဖောက်ခွဲခဲ့သလို ဘီးလင်းNLD ရုံးကိုလည်း RPGနဲ့ပစ်လို့ ရုံးအဆောက်အဦ တစ်စစီပျက်စီးခဲ့ပါတယ်။ အဲဒီညမှာ ပဲ ကျိုက်ထိုNLD ရုံးလည်းဗုံးခွဲခံရပါတယ်။
မြန်မာနိုင်ငံအနှံ့ NLDရုံးတွေ ဖောက်ခွဲခံရတဲ့အချိန်ဟာ အကြမ်းဖက်စစ်အုပ်စုသာလမ်းပေါ်ရှိနေတဲ့ ညမထွက်ရ သတ်မှတ်အချိန်အတွင်းသာဖြစ်ပါတယ်။NLDရုံးတွေ ဖောက်ခွဲတဲ့ တရားခံကို လက်ဆုပ်လက်ကိုင်မပြနိုင်ကြပေ တဲ့ ဒေသခံပြည်သူတွေက စစ်တပ် ဒါမှမဟုတ် စစ်တပ်က စေခိုင်းတဲ့လူတွေလုပ်တာလို့ စွပ်စွဲကြပါတယ်။