၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။
ပန်းတောင်းမြို့နယ် ၊ဥသျှစ်ပင်မြို့က CDM ဆရာမနဲ့ အသက် ၁နှစ်ခွဲအရွယ် သားဖြစ်သူကို နိုဝင်ဘာ၁၁ရက်နေ့ည ၁၁နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်အုပ်စုတပ်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြိုက ဆရာမဒေါ်ယုယုအောင်ရဲ့ နေအိမ်မှာ လာမဖမ်းသွားတာလို့ ဥသျှစ်ပင်မြို့သား တစ်ဦးက ပြောပါတယ်။
‘ဆရာမက CDM လုပ်ပြီး စျေးရောင်းစားနေတာပါ။ ‘လို့ သူကပြောပါတယ်။
မကြာသေးမီကလည်း ဥသျှစ်ပင်မြို့အနီး မကျီးထုံးကျေးရွာကအသက် ၂၅နှစ်အရွယ် CDM ကျောင်းဆရာ တစ်ဦးနဲ့အတူ သူ့မိခင် ကိုပါစစ်အုပ်စုက ကဖမ်းဆီးခဲ့သေးတယ် လို့ သိရပါတယ်။
နိုဝင်ဘာလအတွင်း CDM ဝန်ထမ်းတွေကို ဖမ်းဆီးခြင်းအပြင် စစ်အုပ်စုက ဖမ်းမမိတဲ့NLD အမတ်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူ တွေရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတာတွေပါ ခပ်စိပ်စိပ်တွေ့လာရပါတယ်။