အတိုက်အခံပါတီဝင်တွေကို ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်မှုကို ဗြိတိန်သံရုံးကန့်ကွက်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

နိုင်ငံရေးအတိုက်အခံပါတီဝင်တွေအပေါ် ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်မှုတွေနဲ့ လုပ်ကြံစွပ်စွဲမှုတွေဟာ စစ်အာ ဏာရှင်တွေအနေနဲ့ တရားမျှတမှုကို အလေးထားခြင်းမရှိကြောင်း ပြသနေတယ်လို့ ဗြိတိန်သံရုံး-ရန်ကုန်က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ၉ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှု၅မှုနဲ့ ထောင်ဒဏ် ၇၅နှစ်ချမှတ်ခဲ့သလို အဂတိအမှု ၆မှုနဲ့ စွဲဆိုခံထားရတဲ့ ကရင်ပြည်နယ်၊စီမံကိန်း၊ဘဏ္ဏာရေးနင့်စည်ပင်သာယာ ရေးဝန်ကြီကိုလည်း ထောင်ဒဏ်အနှစ်၉၀ချမှတ်ခဲ့ပါတယ်။

‘ဗြိတိန်သံရုံးရဲ့ထုတ်ပြန်ချက်ဟာ ကရင်ဝန်ကြီးချုပ်တို့ကို လူ့ဘဝသက်တမ်းတစ်ခုစာမက ထောင်ဒဏ်ချမှတ်တဲ့ အပေါ် ရည်ရွယ်တယ်လို့ နားလည်မိပါတယ်’လို့ ၂၀၂၀ရွေးချယ်ခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အ မတ်တစ်ဦးကပြောပါတယ်။

ဗြိတိန်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရမယ်လို့ လည်းဖော်ပြထားပါတယ်။

မြန်မာ စစ်အာဏာရှင်ဟာ ဒီမိုကရေစီစနစ်၊ လွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ဆက်လက်ဖျက်ဆီးနှောက်ယှက်နေဆဲလို့လည်း ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးတို့ကို တစ်မှုကို ၁၅နှစ်နှုန်းနဲ့ ထောင်ဒဏ်ချမှတ်ခဲ့ တာဖြစ်ပြီး သူတို့ နှစ်ဦးစလုံးက အယူခံမဝင်တော့ဘူးလို့ ခပ်ပြတ်ပြတ်ဆိုထားပါတယ်။