KNUနဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုက ၅ဦးသေ

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ BGFပူးပေါင်းတပ်ဖွဲ့ကို KNLA တပ်မဟာ (၁) မှ ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားကာ စစ်အုပ်စုဘက်က ၅ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၅ရက်နေ့ မနက်ပိုင်းက ကလဲ့ခယ်သင်္ချိုင်းအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁နဲ့ စစ်အုပ်စုလက်အောက်ခံ BGFအမှတ် ၁၀၁၄ တပ်တို့တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲပြီး တိုက်ပွဲအတွင်းမှာ BGFဘက်က ထိခိုက်ဒဏ်ရာရသူတွေ ရှိနိုင်ပေမဲ့ မသိရှိသေးဘူးလို့ သိရပါတယ်။

ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ နို့ခေးပူအခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ စကခ (၈) ခမရ (၄၀၉)တပ်နဲ့ BGFပူးပေါင်းအဖွဲ့တို့ဟာ မယ်သုဖက်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာကြောင့် KNLA တပ်မဟာ (၁)က ဆီးကြိုတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၅ဦးသေဆုံးကာ ၂ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲ ၂ကြိမ်လုံးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAဘက်က ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှု ၊ ညှင်းပန်းနှိပ်စက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်ဖို့ သူရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGFတွေကို အသုံးပြုနေတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-KNLA