နိုင်ငံရေး

ဆားလင်းကြီးဒေသခံ လေးဆယ်ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီး

ဇွန်၊ ၆   စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီဝန်းထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာနှစ်ရွာက ဒေသခံ လေးဆယ်ကျော်ကို ဇွန်လ ၆ ရက် ဒီကနေ့မနက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မှတ်စုမရေးဘဲ ငွေလွှဲတဲ့ အကောင့်တွေပိတ်တယ်ဆိုတာ မဟုတ်ဘူးလို့ KBZ Pay ဆို

ဇွန်၊ ၆   အွန်လိုင်းကနေ ငွေလွှဲတဲ့အခါ မှတ်စုမရေးတဲ့ KBZ Pay အကောင့်တွေကို ပိတ်သိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ KBZ Pay ဝန်ဆောင်မှု တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မှာ လေကြောင်းကတိုက်လို့ စာသင်ကျောင်းနဲ့ နေအိမ်နှစ်လုံးပျက်စီး

ဇွန်၊ ၆   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက စံဖလားကျေးရွာထဲကို ဒီကနေ့ မနက်အစောပိုင်း၂ နာရီခန့်ကလေကြောင်းကနေ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ရာ စာသင်ကျောင်းပျက်စီးသွားပြီး နေအိမ် နှစ်လုံး အနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ အဲဒီအချိန်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီတပ် ထောက်ပို့အတွက် အရေးပါတဲ့ တံတားနှစ်စင်းကို KNU မိုင်းဆွဲတိုက်ခိုက်ခဲ့

ဇွန်၊ ၆   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကို ဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား အပါအဝင် စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ တံတား နှစ်စင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU )ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မနက်က မိုင်းဆွဲဖြတ်တောက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမှာ တိုက်ပွဲမရှိဘဲ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားနှစ်ဆယ်နီးပါး ဒဏ်ရာရ၊ တဦးစိုးရိမ်ရ

ဇွန်၊ ၆   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ဇွန် ၅ ရက်မနေ့က မနက်ပိုင်းနဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဆယ့်ကိုးဦး ထိခိုက်ဒဏ်ရာရပြီး တဦးစိုးရိမ်ရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုတလင်က PDF စခန်းတခု စီးနင်းတိုက်ခိုက်ခံရမှု သတင်းအမှားလို့ ပြောကြား

  ဇွန်၊ ၆   စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အခြေစိုက် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်အုပ်စုက ဇွန်လ ၄ ရက်မှာ ဝင်ရောက်စီးနင်းပြီး ရဲဘော်သုံးဦးသတ်ဖြတ်ကာ စခန်းကိုမီးရှို့ခဲ့တဲ့ ဖြစ်စဉ်ဟာ သတင်းအမှားသာဖြစ်တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ )နဲ့ ဇာမဏီအဖွဲ့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုန်တိုင်းသင့်လယ်ယာတွေ ပြန်လည်စိုက်ပျိုးဖို့ အခက်ကြုံနေရတဲ့ ပုလဲနယ်က တောင်သူများ

ဇွန်၊ ၆   စစ်ကိုင်းတိုင်း၊ ပုလဲ မြို့နယ်အတွင်းက မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာစိုက်ခင်းတွေအတွက် အကူအညီတွေ မရသေးတာကြောင့် ပြန်လည်စိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။   “ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နှမ်းတွေသာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲပေါင်း တထောင်ကျော်အတွင်း ရှေ့တန်းစခန်းဆယ်ခု သိမ်းပိုက်ရမိတယ်လို့ KNDF ထုတ်ပြန်

ဇွန်၊ ၆   ကရင်နီပြည်နယ်နဲ့ ရှမ်းတောင်ပိုင်းတို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေကြား နှစ်နှစ်တာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာခဲ့ရာ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ဆယ်ခုနဲ့ စစ်ဆေးရေးဂိတ်အချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပစ်ခတ်ခံရပြီး တပတ်အကြာမှာ အဆိုတော်လီလီနိုင်ကျော် သေဆုံး

ဇွန်၊ ၆   ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အဆိုတော်လီလီနိုင်ကျော်ဟာ တပ်မတော်ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူရင်း ဒီကနေ့ ဇွန်လ ၆ ရက် မနက်ပိုင်းမှာ သေဆုံးသွားပြီလို့ မိသားစုဝင်တွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်က လေးကြိမ်မြောက်မီးရှို့ခဲ့တဲ့ ခင်ဦး ကံသစ်ကျေးရွာမြင်ကွင်း

ဇွန်၊ ၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှာရှိတဲ့ ခင်ဦးမြိုနယ်၊ ကံသစ်ကျေးရွာ ကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့စကပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။   ကံသစ်ကျေးရွာဟာဆိုရင် ၂၀၂၂ [ဆက်လက်ဖတ်ရှုရန်]