နိုင်ငံတကာရေးရာ

နယ်စပ် ပုန်ကန်မှုတွေကြောင့် ရှေ့တန်းရောက် တိုက်ခိုက်ရေးတပ် တချို့ကို ရုရှား နေရာရွှေ့ပြောင်းထားရ

မတ်၊ ၂၂ နယ်စပ်က ပုန်ကန်မှုတွေကြောင့် ရုရှားဟာ ရှေ့တန်းရောက် တပ်အင်အား တချို့ကို ထုတ်နုတ်ယူပြီး နေရာရွှေ့ပြောင်း ဖြန့်ကျက်နေရတယ်လို့ သိရပါတယ်။ ယူကရိန်းနဲ့ နယ်စပ်ထိစပ်နေရာ ဘယ်လ်ဂိုရော့ဒ်မြို့မှာ ယူကရိန်းဖက်က ထောက်ခံတဲ့ ရုရှား လက်နက်ကိုင် တော်လှန်ရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကောလင်း တိုက်ပွဲမှာ စစ်တပ်က အကျအဆုံးများနေသလို တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး

မတ် ၊ ၂၁  စစ်ကိုင်းတိုင်း ဒေသကြီးကောလင်းမြို့အနောက်ခြမ်းကို  စစ်တပ်က အင်အား နှစ်ရာလောက်နဲ့ စစ်ကြောင်းထိုးလာလို့တနေ့ကုန်နီးပါတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများခဲ့သလို တော်လှန်ရေး ရဲဘော်နှစ်ဦးလည်း ကျဆုံးသွားတယ်လို့ ကောလင်းခရိုင်  တပ်ရင်း ၂ ကပြောပါတယ်။ ဒီကနေ့ မနက်  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် အရပ်သား သုံးဦးထပ်မံ သေဆုံး

မတ် ၊ ၂၁ ကလေးမြို့နယ်ပျဉ်းခုံလေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို အရပ်သားသုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဖက်နဲ့ မြောက်ဖက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ကလေးမြို့အခြေစိုက်အမြောက်တပ်ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား ခြောက်ဦး ထပ်မံသေဆုံး ၊ တပတ်အတွင်း သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၆၆ ဦးရှိ

မတ် ၊ ၂၁ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ရွာကိုလေကြောင်းကဗုံးကြဲခဲ့လို့ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးကာ ရှစ်ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပြစ်မှုတွေအတွက် ပူတင်လည်း သေချာပေါက် ပေးဆပ်ရမယ်လို့ ICC အကြီးအကဲသစ်ပြော

မတ် ၊ ၂၁ ယူကရိန်းမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အလွယ်တကူ လွတ်မြောက်သွားနိုင်စရာ အကြောင်းမရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ရဲ့ အကြီးအကဲသစ်က သတိပေး ပြောကြားလိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကူးစက်ထားတဲ့ HIV ဗိုင်းရပ်စ်ကို ဆဲလ်တွေကနေ ဖယ်ထုတ်တဲ့ စမ်းသပ်မှုတခု ရလဒ်ကောင်းတွေ မြင်နေရ

မတ် ၊ ၂၁ ရောဂါကူးစက် ခံထားရတဲ့ ဆဲလ်တွေကနေ HIV ဗိုင်းရပ်စ်ကို အောင်အောင်မြင်မြင် ရှင်းထုတ် ဖယ်ရှားနိုင်တဲ့ နည်းလမ်းတခုကို စမ်းသပ်ရာမှာ ရလဒ်ကောင်းတွေ မြင်နေရကြောင်း သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။  အဲဒီ နည်းဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာ့အရေး အလှည့်အပြောင်း ကာလမှာ ပိုမို အာရုံစိုက်ပေးဖို့ နိုင်ငံတကာကို ကုလသမဂ္ဂ ကိုယ်စားလှယ် တိုက်တွန်း

မတ် ၊ ၂၁ မြန်မာ့ ပြည်တွင်း ပဋိပက္ခတွေ အလှည့်အပြောင်း ကာလတွေမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်မှုတွေက ပိုမို အရေးပါလာနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။  ဆွစ်ဇာလန်နိုင်ငံ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အလှူပွဲအတွက်ပစ္စည်းသွားဝယ်တဲ့ သံဖြူဇရပ်ဒေသခံလေးဦး နှစ်ပတ်ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

မတ်၊ ၂၀ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဒေသခံအမျိုးသားလေးဦးဟာ ရဟန်းခံရှင်ပြုပွဲမှာ လိုအပ်တဲ့အလှူပစ္စည်းတွေ ဝယ်ယူဖို့ မြို့တက်သွားတဲ့နောက် နှစ်ပတ်ကြာအထိ ပျောက်ဆုံးနေပြီးအဆက်အသွယ်မရတော့တာကြောင့် မိ သားစုဝင်တွေစိုးရိမ်နေကြရတယ်လို့ ပျောက်ဆုံးသူတွေထဲကတဦးနဲ့ ဆွေမျိုးတော်စပ်တဲ့ဒေသခံကDNAကို ပြော ပါတယ်။  “ခုထိတော့ ရှာနေတုန်းပဲ၊ သွားနိုင်တဲ့နေရာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုကို AA စတင်သိမ်းပိုက်

မတ် ၂၀ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ခုရှိတဲ့အထဲက ထက်ဝက်လောက်ဖြစ်တဲ့ ရှစ်မြို့နယ်ကိုသိမ်းပိုက်ထားပြီးတဲ့ ရခိုင့် တပ်တော် AA ဟာ  ဘူးသီးတောင်မြို့နယ် တောင်ဘဇားအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၅၅၂ ကို မနေ့က သိမ်းပိုက် လိုက်ပြီလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာသူတွေများလာတာ သတင်းအမှားလို့ စစ်အုပ်စုဆိုပေမယ့် ပြည်တွင်းခရီးသွားလာမှုကို တင်းကျပ်

မတ် ၊ ၂၀ ပြည်တွင်းခရီးသွားတဲ့သူတွေ ခရီးသွားထောက်ခံချက်ပါမှသာ လက်မှတ်ရောင်းချပေးဖို့ စစ်ကောင်စီက ယာဉ် လိုင်းတွေကို ညွှန်ကြားထားတဲ့အတွက် ခရီးသွားလာတဲ့သူတွေ အကျပ်ရိုက်နေကြတယ်လို့ ယာဉ်လိုင်းတွေနဲ့ ခရီးသွားသူတွေက ပြောပါတယ်။ “မနေ့က တောင်ကြီးဘက်ပြန်ဖို့ လက်မှတ်သွားဝယ်တာ၊ ရပ်ကျေးထောက်ခံစာယူခိုင်းတာ၊ မပါရင် [ဆက်လက်ဖတ်ရှုရန်]