ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီလို့ဆို

ဧပြီ၊ ၈   ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ ဒီကနေ့ ဧပြီ ၈ ရက် ညနေပိုင်းကစပြီး စက်သုံးဆီတွေပြတ်လပ်နေတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ စက်သုံးဆီအရောင်းဆိုင်နဲ့ အငှားယာဥ်မောင်းတွေက DNA ကိုပြောပါတယ်။ ” ကျွန်တော်တို့ဆီမှာ 92 တစ်မျိုးပဲရတော့တယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုက နှစ်ရက်တာတိုက်ပွဲအတွင်း KNDFတပ်ဖွဲ့ဝင်တဦး ကျဆုံး၊ စစ်အုပ်စု သေဆုံးထိခိုက်မှုများတယ်လို့ဆို

ဧပြီ၊ ၈   ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေဘက်ခြမ်းရှိ တနီးလာလဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ KA ၊ KNDF ကရင်နီပူးပေါင်းတပ်တွေအကြား နှစ်ရက်တာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများသလို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က တဦးကျဆုံးတယ်လို့ KNDF က ဒီကနေ့ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေထွက်ပြေးလို့ လိုက်ရှာနေရပြန်

ဧပြီ၊ ၈   ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၃ တပ်ရင်းက စစ်ကောင်စီတပ်သားတချို့ဟာ မိ သားစုတွေနဲ့အတူ အခုလအတွင်း ထွက်ပြေးသွားခဲ့ကြတဲ့အတွက် စစ်အုပ်စုက အပူတပြင်းလိုက်ရှာနေကြတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။   ထွက်ပြေးသွားသူတွေထဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အလုံဓာတ်အားခွဲရုံမှာ မီးလောင်မှုဖြစ်

ဧပြီ၊ ၈ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်းက အလုံဓာတ်အားခွဲရုံမှာ မီးလောင်မှုဖြစ်လို့ Level-3 အဆင့် မီးသတ်ယာဉ်အုပ်စုတွေနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။   ဒီကနေ့ ညနေ ခြောက်နာရီခွဲကျော်မှာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းမြို့နယ်က ဘားနဲ့စားသောက်ဆိုင်တွေကို သင်္ကြန်အတွက်ဆိုပြီး ကျပ်နှစ်သိန်းစီတောင်းယူနေ

ဧပြီ၊ ၈   ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲက ဘားတွေနဲ့ အရက်ယမကာရောင်းချတဲ့ ဆိုင်တွေဆီကနေ စစ်ကောင်စီရဲ့စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဦးဆောင်ပြီး သင်္ကြန်အတွက်ဆိုကာ တဆိုင်ကို ငွေကျပ်နှစ်သိန်းစီ လိုက်လံတောင်းယူနေတယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီက သိရပါတယ်။   စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရုရှားလက်နက်ကျွမ်းကျင်သူတွေရောက်နေချိန် မင်းလှ ကပစ(၁၀) စက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ဆို

ဧပြီ၊ ၈   မကွေးတိုင်း၊ သရက်ခရိုင်၊ အထက် မင်းလှမြို့နယ်၊ အမှတ် (၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၀)မှာ စစ်အုပ်စုလိုလားတဲ့ ပြည်ပလက်နက်ထုတ်လုပ်ရေးပညာရှင်တွေ ရောက်နေချိန် ၁၀၇ မမရှော့တိုက်ဒုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်-မြဝတီခရီးသည်တင်ယာဉ် ယာဉ်လိုင်းတချို့ ပြေးဆွဲမှုရပ်ဆိုင်း

ဧပြီ၊ ၈   ရန်ကုန်နဲ့မြဝတီ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် Express ယာဉ်လိုင်းတချို့ ဒီကနေ့ ဧပြီလ ၈ ရက်က စလို့ ခရီးစဉ်ပြေးဆွဲမှုတွေ ရပ်ဆိုင်းလိုက်လို့ သင်္ကြန်ကာလ နေရပ်ပြန်မယ့်သူတွေအပါအဝင် ခရီးသည်တွေ အခက်တွေ့နေကြတယ်လို့ DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝက်လက်မြို့ နဲ့ စစ်ကိုင်းမြို့အစပ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းကပစ်ခတ်စီးနင်း

ဧပြီ၊ ၈   စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နဲ့ စစ်ကိုင်းမြို့အစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းက လေကြောင်းကတဆင့် ပစ်ခတ်တိုက်ခိုက်သလို လေကြောင်းကနေ စစ်အင်အားချ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေကြရတယ်လို့ ဝက်လက် ဒေသခံတဦးက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြဝတီမှာ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံတသောင်းဝန်းကျင်စစ်ရှောင်နေရ

ဧပြီ၊ ၈   ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးတဝိုက်ဒေသအတွင်းမှာ လက်ရှိအချိန်ထိ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဘက်စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရှောင်တွေလည်း နေ့စဉ်တိုးနေကာ ဒေသခံတသောင်းဝန်းကျင်လောက် ထိုင်းနိုင်ငံဘက်နဲ့ မြန်မာဘက် သောင်ရင်းမြစ်ကမ်းမှာ စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လားရှိုးမှာ တိုက်ပွဲမဖြစ်ဘဲ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုလုပ်လို့ မိသားစုဝင်သုံးဦးဒဏ်ရာရ

ဧပြီ၊ ၈   ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နားမခေါ်ကျေးရွာအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က တပ်ဖွဲ့တခု လှုပ်ရှားနေချိန် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]