ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲ

မန္တလေးမြို့မှာ ဒီကနေ့ မတ်လ ၁၁ရက်နေ့ မနက်ပိုင်းမှာ ၃ကြိမ်တိုင်တိုင် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  ဒီကနေ့ မတ်လ ၁၁ရက်နေ့ မနက် ၉နာရီခန့်မှာ အမရပူမြို့နယ် နတ်ရေကန်ကျေးရွာမှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာန ရုံးအနီးမှာ ဗုံး၂လုံးဆင့်ပေါက်ကွဲခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာအနီးမှာ စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲခံရ 

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာအနီး မန္တလေး-ရွှေဘိုကားလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း မိုင်းဆွဲခံရပြီး သေဆုံးဒဏ်ရာရရှိသူတွေ ရှိနိုင်တယ်လို့ ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရွှေဘိုယမ်းဘီလူးပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ မနေ့က မတ်လ ၁၀ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံတကာရေးရာ

ဘန်ကောက်သွားမယ့် ဘက်စ်ကားပေါ်မှာ အထောက်အထားမဲ့ မြန်မာ ၅၀ကျော် ဖမ်းခံရ

၁၁ ၊ မတ်လ ၊ ၂၀၂၂။ မတ်လ ၁၀ရက်နေ့က ထိုင်းနိုင်ငံ ၊ အယုဒ္ဓယပြည်နယ်ထဲမှာ  ဘန်ကောက်ကိုသွားတဲ့ ဘက်စ်ကားတစီးပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြပါတယ်။ အဝေးပြေးလမ်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အာဖဂန်မြေမှ လွတ်မြောက်လမ်း (သတင်းဆောင်းပါး) 

ကားအင်ဂျင်သံတွေ ဆူညံပြီး ဖုန်တထောင်းထောင်းထနေတဲ့ သဲကန္တာရအစပ်၊ အာဖဂန်နစ္စတန်ရဲ့ အစွန်အဖျားမြို့ကလေးတစ်ခုကနေ ဆတ္တားအမီရီတစ်ယောက် သူ့ဇနီးနဲ့ မွေးကင်းစ ကလေးငယ်လေးနဲ့အတူ ထရပ်ကားလေးတစ်စင်းပေါ် တက်လိုက်ကြပါတယ်။  သူနဲ့ဘဝတူ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ရည်ရွယ်ရာကတော့ အီရန်နိုင်ငံကို သွားဖို့ပါပဲ။ “”ကျွန်တော့်မှာ ရွေးချယ်စရာမှမရှိတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပပါလီမန်မှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြု

၁၁ ၊ မတ်လ ၊ ၂၀၂၂ ။ ဥရောပပါလီမန်မှာ မနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ  မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၆၄၆ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းအရေး အမေရိကန် အကူအညီလိုရင် ဖိလစ်ပိုင်အသင့်ရှိတယ်လို့ ဒူတာတေးပြောဆို

ရုရှားရဲ့ ယူကရိန်းတိုက်ခိုက်မှုဟာ ဒီထက်အခြေအနေပိုဆိုးလာပြီး အမေရိကန်ဝင်ပါဖို့ လိုလာရင် ၁၉၅၁ ခုနှစ် နှစ်နိုင်ငံ ကာကွယ်ရေးသဘောတူညီချက်အရ အမေရိကန်တပ်တွေအတွက် လိုအပ်တဲ့အထောက်အကူတွေ လမ်းဖွင့်ပေးမယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောတယ်လို့ မတ်လ ၁၀ ရက်နေ့မှာ အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သတင်းပေးလို့ နာမည်ကြီးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ခရမ်းမြို့အဝင်အထွက်ကို ပိတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့မှာ စစ်သတင်းပေးလို့နာမည်ကြီးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးနောက် မြို့အဝင်အထွက် လမ်းတွေကို အကြမ်းဖက်စစ်တပ်က ပိတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းကစပြီး ရဲမွန်စစ်ဆေးရေးဂိတ်၊ ကရင်ကန်စစ်ဆေးဂိတ်၊ ဒေးပေါက်စစ်ဆေးရေးဂိတ်၊ သစ်တောစစ်ဆေးရေးဂိတ်၊ ဆည်မြောင်းဘက်နဲ့ ကွမ်းမိုးဒိန်းဘက်တို့ကို ပိတ်ဆို့လိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေ့ကော်ဒေသမှာ အကြမ်းဖက်စစ်သား ၆၀၀ လောက်အထိ အင်အားတိုးချဲ့ထား

လေးကေ့ကော်ဒေသအတွင်း မင်းလက်ပန်ရွာကို အခြေပြုပြီး အကြမ်းဖက်စစ်သား ၆၀၀ လောက်အထိ အင်အားတိုးချဲ့ထားတယ်လို့ Delta News Agency ရဲ့ မြေပြင်ကင်းထောက်က ပြောပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်းဒေသတွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်တွေ ၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေကော်ဒေသကို စစ်အုပ်စုက ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၉ မိုင်ခန့်အကွာမှာရှိတဲ့ လေးကေကော်ဒေသတစ်ဝိုက်ကို အကြမ်းဖက်စစ်အုပ်စုက Mi17 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မနေ့က မတ်လ ၉ ရက်နေ့ ညနေ ၄ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ်က ဒလန်လို့ နာမည်ကြီးနေသူ တစ်ဦးကို ရှင်းလင်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ၁၀ ရပ်ကွက်နေ အကြမ်းဖက်စစ်တပ် သတင်းပေးလို့ အများက သတ်မှတ်ထားသူတစ်ဦး ပစ်ခတ်ခံရပြီး ရန်ကုန်စစ်ဆေးရုံမှာ သေဆုံးသွားကြောင်း သိရပါတယ်။ ဒလန်လို့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားနေသူ မြင့်စိုးကို ဒီနေ့မနက် ၅ နာရီခွဲလောက်က ၁၁ ရပ်ကွက် ကုန်းဆင်းနားမှာ [ဆက်လက်ဖတ်ရှုရန်]