နိုင်ငံတကာရေးရာ

ရှန်ဟိုင်းမှာ လူပေါင်း ၂၆ သန်းကို ကိုဗစ်စစ်ဖို့ စစ်တပ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်

ဒီနေ့ ဧပြီလ ၄ရက်နေ့မှာ ရှန်ဟိုင်းမြို့က လူပေါင်း ၂၆သန်းကို ကိုဗစ်စစ်ဆေးဖို့ စစ်တပ်နဲ့ ကျန်းမာရေး ဝန်ထမ်းထောင်ချီကို စေလွှတ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ တပ်ထဲက ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၀၀ ကို စုဆောင်းပြီး ရှန်ဟန်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က အကြမ်းဖက်နေတဲ့ ရေလယ်ကျွန်းဒေသမှာ စစ်ရှောင်ပြည်သူ နှစ်သောင်းကျော်ရှိပြီ

မ‌ကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်း‌ ဒေသကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်နေတာကြောင့် စစ်ရှောင်ပြည်သူ နှစ်သောင်းကျော်ရှိသွားပြီလို့ YSO News & Information က ထုတ်ပြန်ပါတယ်။ အဲဒီစာရင်းဟာ YSO News & Information က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာက CDM ကျောင်းဆရာမကို စစ်အုပ်စုတွေ ဖမ်းဆီ

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ CDM ကျောင်းဆရာမ ဒေါ်သက်မှူးခင်ကို စစ်အုပ်စုတွေ ဖမ်းဆီးထားတယ်လို့ ဒေသခံ သတင်းကွန်ယက်တွေဆီက သိရပါတယ်။ မတ်လ ၃၀ ရက်နေ့ ညပိုင်းမှာ ရွှေပြည်သာမြို့နယ် ထ/၁၆ ရပ်ကွက်၊ ဂျိုကာ မှတ်တိုင်အနီး နေထိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်းပေါက်ကွဲမှုတွေဖြစ်ပေါ်

မုံရွာမြို့ ၊ ရုံးကြီးရပ်က အကျဉ်းထောင်မှာ ဒီနေ့ ဧပြီလ ၃ရက် ညနေ ၅နာရီက ထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်း ပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ Chindwin Post သတင်းဌာနက ဖော်ပြပါတယ်။ ” ဒီချိန်ဆိုထောင်ထဲက လူစစ်ချိန်ပါ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှင်မတောင်မှာ မိုင်းဆွဲခံရပြီး အကြမ်းဖက်စစ်သား ၃ ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်မှာ မိုင်းဆွဲခံရပြီး အကြမ်းဖက်စစ်သား၃ဦးသေဆုံးခဲ့ပါတယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရှင်မတောင်၊တောင်တက်လမ်းအတိုင်း ကားတစ်စီး၊ဆိုင်ကယ်၃စီးနဲ့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ရဲတို့ ကို ရေစကြိုPDF က မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူတွေလည်း များတယ်လို့ ရေစကြိုPDF ကထုတ်ပြန်ပါတယ်။ ‘သတင်းရလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းမှာအိမ်အလုံး ၁၀၀ ကျော်မီးရှို့ခံရ၊ ကျပ်သိန်းတစ်သောင်းဝန်းကျင် ဆုံးရှုံး

မကွေးတိုင်း၊ ရေစကြို၊ ရေလယ်ကျွန်းဒေသမှာ၂ရက်တာအတွင်း အိမ်အလုံး၁၀၀ကျော်ကိုအကြမ်းဖက်စစ်တပ် မီးရှို့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း တစ်သောင်း ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဧပြီ၂ရက်နေ့က ရေလယ်ကျွန်းဒေသကို စစ်အင်အား၁၀၀ကျော်နဲ့ စစ်ကြောင်း၃ ကြောင်းခွဲဝင်ရောက်ခဲ့ပြီး မီးလောင်ကျွန်း၊မိဖုရား၊လှေခုတ်၊ဖြုံဘူး၊တောင်ကုန်း၊ဖုတ်ကုန်းနဲ့ ဘုန်းတော်ပြည့် ကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးရုံတင်မက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကိုရီးယား One Day Challenge လှုပ်ရှားမှု ၆ လအတွင်း ဝမ်သိန်း ၉၀၀၀ ကျော် ထောက်ပံ့

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ-ကိုရီးယားရဲ့ One Day Challenge လှုပ်ရှားမှုဟာ ၆ လတာအတွင်း NUG အစိုးရကို ကန်ဒေါ်လာ ၆ သိန်းနဲ့ မြေပြင် LPDF အဖွဲ့တွေကို ကျပ်သိန်း ၉၈၀ ထောက်ပံ့နိုင်ခဲ့ကြောင်း သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မှာ အကြမ်းဖက်စစ်အုပ်စု တပ်သားတွေ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် စိမ်းလန်းရုံးနဲ့ ဝရင်ငယ်-ရွာသစ်ကျေးရွာ အနီးတို့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၁၅ ဦးလောက် အပြင်းအထန် ထိခိုက်ကျဆုံးနိုင်တယ်လို့ သိရပါတယ်။ ဧပြီ ၂ ရက်၊ ည ၉ နာရီ ၁၀ မိနစ်လောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မှာ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်စိမ်းလန်းရုံးနဲ့ ဝရင်ငယ်-ရွာသစ်ကျေးရွာအနီးတို့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်၁၅ဦးလာက် အပြင်းအထန်ထိခိုက်ကျဆုံးနိုင်တယ်လို့သိရပါတယ်။ ဧပြီ၂ရက်၊ ည၉နာရီ၁၀မိနစ်လောက်မှာ  တန့်ဆည်မြို့နယ်စိမ်းလန်းရုံးနဲ့ တန့်ဆည်မြို့နယ် ဝရင်ငယ်-ရွာသစ်ကျေးရွာအနီးတို့မှာ  Myanmar Defense Force – Taze Tiger နဲ့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့နယ်အတွင်း ရေမစိုသင်္ကြန်အတွက် လှုံဆော်

ဒီနေ့ဧပြီလ ၃ ရက်နေ့မှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းလူငယ်တွေက အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် သင်္ကြန်ပွဲတော်မှာ မပါဝင်ဖို့ တိုက်တွန်းတဲ့ သပိတ်စစ်ကြောင်းပြုလုပ်ခဲ့ပါတယ်။