ဒေသအလိုက် သတင်းကဏ္ဍ

ညောင်လေးပင်ခရိုင် ၂ရက်တာတိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင်အကြမ်းဖက်စစ်သား၁၉ဦးသေ

ကေအဲန်ယူ ညောင်လေးပင်ခရိုင်မှာဖြစ်ပွားခဲ့တဲ့ ၂ရက်တာတိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင်အကြမ်းဖက်စစ်သား၁၉ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ(ဗဟို)ကဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။ ဇွန်လ၂၅ရက်နဲ့ ၂၆ရက်တို့မှာ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က တစ်ဦးမျှ ထိခိုက်မှုမရှိကြောင်းသိရပါတယ်။ ဇွန်လ ၂၆ ရက်၊မနက် ၇ နာရီ လောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမှာ ဒေသခံ သက်ကြီးပိုင်း ၃ ဦးကို အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်ဓားပြတိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာမှာ မနေ့က ဇွန်လ ၂၆ ရက်၊ ည ၁၁ ခွဲခန့်မှာ အသက် ၆၁ နှစ်အရွယ် လင်မယားနှင့်အတူ ဂေါ့အင်းကျေးရွာရှိ အသက် ၅၀ ကျော်အရွယ် အမျိုးသား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်နဲ့ပျူစောထီး တမူးမြို့ပေါ် လုယက်ဓားပြတိုက်မှု ကျူးလွန်နေ

အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတို့ဟာ စစ်ကိုင်းတိုင်း၊တမူးမြို့ပေါ်မှာ လုယက်ဓားပြတိုက်မှုတွေ အတိအလင်း ကျူးလွန်နေကြောင်း Local Defense Force Tamu ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဇွန်၂၆ရက်၊ည၉နာရီကျော်မှာ ပျူစောထီးတွေဟာ တမူးမြို့၊နန်ဖာလုံက ပြည်သူပိုင် Scopy smart keyဆိုင်ကယ်တစ်စီးနဲ့ တခြားဆိုင်ကယ်တစ်စီးတို့ကို လုယက်သွားခဲ့ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်ရှိကျေးရွာတွေကို စစ်အုပ်စုက လက်နက်ကြီးနဲ့အလုံးရေ ၄၀ ကျော်ပစ်ခတ်

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူငါးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။ ကေအဲန်ယူ- ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေရှိ အင်းနက်ကျေးရွာ အုပ်စုတွင်းကို အကြမ်းဖက် စစ်အုပ်စုတပ်တွေဟာမနေ့ကဇွန်လ ၂၅ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြောင်းရွှေ့မှု အမေရိကန်ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ပြောင်းရွှေ့မှု အပေါ် အမေရိကန်ကရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံဒီမို ကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောကြားလိုက်ပါတယ်။ ဒဲရစ်ချောလက်က ဇွန်၂၄ရက်နေ့မှာ အဲဒီလိုပြောကြားလိုက်တာပါ။ အကြမ်းဖက်စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကလျှို့ဝှက်နေရာတစ်ခုမှာထိန်းသိမ်းထား ရာကနေ ဇွန်လ၂၂ရက်နေ့က နေပြည်တော်အချုပ်ထောင်ဆီ ပြောင်းပို့ခဲ့ခြင်းဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု

ဒီနေ့ ဇွန်လ၂၆ရက် မှာ “မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူး”စာတန်းကို ရန်ကုန်-မန္တလေးအမြန်လမ်းက တံတားတစ်ခုပေါ်မှာ ချိတ်ဆွဲပြီး မန္တလေးသပိတ်အင်အားစုတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ချင်းလူမျိုး အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခုလိုလှုပ်ရှားခဲ့ကြတာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ထုတ်ဘီယာတွေရောင်းနေတာရပ်ဖို့ ရွှေဘိုမြို့ပေါ်ကဆိုင်ကို သတိပေး

စစ်တပ်ထုတ်ကုန်ဘီယာတွေကို နှစ်ပတ်အတွင်း ဖယ်ရှားဖို့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ဆိုင်တစ် ဆိုင်ကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တချို့က သတိပေးလိုက်ပါတယ်။ ရွှေဘိုမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ အောင်မြင့်မိုရ်ဆိုင်မှာ မြန်မာဘီယာ၊ဒဂုံဘီယာ စတဲ့စစ်တပ်ထုတ်ကုန် တွေ ရောင်းချနေကြောင်း သိရှိရပြီး စစ်တပ်ထုတ်ကုန်တွေကို နှစ်ပတ်အတွင်းမဖယ်ရှားပါက ဆိုင်နဲ့ ဂို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုအပေါ် ထိရောက်မှုမရှိတဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်ချက်တွေကိုရပ်ကြဖို့ အရပ်ဖက် ၁၄ ဖွဲ့ တောင်းဆို

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုအပေါ် ထိရောက်မှုမရှိတဲ့ သတိပေးလုပ်ဆောင် ချက်တွေကို ရပ်တန့်ချိန်ရောက်ပြီဖြစ်ကြောင်း မြန်မာအရပ်ဖက်အဖွဲ့ ၁၄ ဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ (ဇွန် ၂၆ ရက်) ကျရောက်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံ၊ ထုံးဖိုလေးရွာကို ဒီနေ့မနက်မှာ စစ်တပ် ထပ်မီးရှို့၊ဘုန်းကြီးကျောင်းပါမကျန် ပြာကျ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ထုံးဖိုလေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ ဒုတိယအကြိမ်လာရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကြောင်း သိရပါတယ်။ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ဝီယော်ကျေးရွာအုပ်စု၊ ထုံးဖိုလေးရွာကို အကြမ်းဖက်စစ်တပ်က ဘုန်းကြီးကျောင်းပါမချန် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့နယ် NLD အမတ်ဟောင်းတစ်ဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတော်တဆမှုကြောင့် 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞 လက်နက်တိုက်ရောစခန်းပါ မီးလောင်

ပခုက္ကူခရိုင်အခြေစိုက် 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞 – 𝐔𝐆 အဖွဲ့ ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မတော်တဆဖြစ်ပြီး လက်နက်တိုက်ရောစခန်းပါ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်၂၅ရက်နေ့က ထုတ်လုပ်ရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပြီး ယမ်းစနဲ့ ကျည်တွေ ပေါက်ကွဲမီးလောင်ခဲ့ ကြောင်း [ဆက်လက်ဖတ်ရှုရန်]