စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက စစ်တပ်စစ်ဆေးရေးဂိတ်တခုဖြစ်တဲ့ မြတောင်လမ်းဆုံဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက် မနက် ၈ နာရီလောက်မှာ ထီးချိုင့် မြို့နယ်၊ မြတောင်လမ်းဆုံစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို နယ်မြေခံပကဖတွေနဲ့ ကသာခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ “ဂိတ်က ထီးချိုင့်-ဗန်းမော်လမ်းဆုံမှာရှိတဲ့ ဂိတ်ပါ။ သူတို့ဖက်က အထိအခိုက်တွေရှိခဲ့ပါတယ်။ ပစ်ခတ်မှုတွေ…
Read More