နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ချင်းပြည်နယ်မှာစစ်သားလေးဆယ်ကျော်သေဆုံးတယ်လို့ဆို

  စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အခုလဆယ့်တရက်အတွင်း ချင်းပြည်နယ်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CNA၊CDF တို့နဲ့ စစ်အုပ်စုတို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဆယ်ကျော်သေဆုံးတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်ပါတယ်။  ဖေဖော်ဝါရီ ၁ ရက်​ကနေ ၁၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူ့ကာကွယ်ရေးတပ်တွေက ဗိုလ်ချုပ်မွေးနေ့ပဲပြုတ်နဲ့နံပြားကျွေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒေသခံပြည်သူတွေကို ဒီကနေ့  ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ပဲပြုတ်နဲ့နံပြားကျွေးတဲ့ အစီအစဉ်တခုကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့  Mandalay UG Wolf ARMYနဲ့ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ NATION’S DEFENSE ARMYတို့က  ဒေသခံပြည်သူတွေကို ပဲပြုတ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညောင်လေးပင်မှာတလအတွင်းတံတားသုံးစင်းမိုင်းခွဲခံရပြီးနောက်စစ်တပ်က စစ်ကြောင်းထိုးနေ

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှာ တလအတွင်း တံတားသုံးစင်းမိုင်းခွဲခံရပြီးနောက် စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ (၁၁)ရက်မနက်ပိုင်းကစလို့ ညောင်လေးပင်နယ်ထဲ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့က ခင်ကန့် လန့်ရွာနဲ့ကညင်ကျိုးရွာကြားကကျေးရွာချင်းဆက်တံတားနှစ်စင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကမိုင်းခွဲခဲ့သလို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးကဗုံးပေါက်ကွဲမှုတွေနဲ့ပက်သက်လို့ ဒေသခံနှစ်ဆယ်ဝန်းကျင် ဖမ်းဆီးခံရ၊ခုနစ်ဦးကို PDF တွေလို့ စစ်ကောင်စီထုတ်ပြန်

ပဲခူးတိုင်း၊ပဲခူးမြို့ ရပ်ကွက်သုံးခုအတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဒေသခံနှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး  ခုနစ်ဦးကိုတော့ PDF အဖွဲ့ဝင်၊ PDF နဲ့ဆက်စပ်သူတွေလို့ သတင်းထုတ်ပြန်ပါတယ်။ ပဲခူးမြို့ပေါ်က မဇင်း၊ ပုဏ္ဏားစုနဲ့ ရှင်စောပု စတဲ့ရပ်ကွက်(၃)ခုအတွင်း ဖေဖော်ဝါရီ(၇)ရက်ညပိုင်းက ဗုံးပေါက် မှုတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ PDF နဲ့ပတ်သတ်တယ်လို့စွပ်စွဲကာ အဖမ်းမခံရဖို့ ဖုန်းဆက်ငွေညှစ်မှုတွေဖြစ်နေ

မန္တလေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ ပတ်သတ်မှုရှိနေလို့ ဖမ်းဆီးရမယ့်စာရင်းထဲပါနေပြီး အဖမ်းမခံချင်ရင် ငွေပေးရမယ်လို့ ခြိမ်းခြောက်ကာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေညှစ်မှုတွေ ဖြစ်ပေါ် နေတယ်လို့ ကိုယ်တွေ့ကြုံရသူတချို့ကDNA ကို ပြောကြ ပါတယ်။ အဲဒီလိုခြိမ်းခြောက်ငွေညှစ်တောင်းခံသူတွေဟာ စစ်ကောင်စီတပ်က အရာရှိအဖြစ် ပြောဆိုဆက်သွယ်လာကာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရက်အတွင်း ကလေးမြို့နေရာသုံးခုမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ မနေ့က ဖောဖော်ဝါရီ (၈) ရက် တရက်တည်းမှာပဲ စစ်ကောင်စီနဲ့  ပျူစောထီးတွေ ရှိနေတဲ့ နေရာသုံးခုကို မြု့ပြပြောက်ကျားအင်အားစုတွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့ မြို့အနောက်ပိုင်းက တာဟန်းကင်းတဲ၊ မြို့အလယ်က RTC ဝင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်လမြိုင်မှာ စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရဘူးဆိုတာ သတိပေးတဲ့အနေနဲ့ ရဲဝန်ထမ်းလိုင်းခန်းကို PDFဗုံးခွဲ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကဖက်တန်းရပ်ကွက်မှာရှိတဲ့ရဲဝန်ထမ်းလိုင်းခန်းကို ဖေဖော်ဝါရီလ ၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ပြီး သတိပေးလိုက်တယ်လို့ တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တွေဆီကသိရပါတယ်။ ‘’စစ်ကောင်စီတွေအနေနဲ့ မော်လမြိုင်မှာ လုံးဝအုပ်ချုပ်ခွင့်မရစေရဘူးဆိုတာကို သတိပေးဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့လည်း အန္တရာယ်ကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်’’ လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကားနှစ်စီးကို PDF တိုက်ခိုက်တာမှာ ဆယ်ဦးသေဆုံး၊ လက်နက် ၇ လက် ရရှိတယ်လို့ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းမှာ စစ်ကောင်စီစစ်ယာဉ်နှစ်စီးကို ဒီလ ၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း ၃ က တိုက်ခိုက်ခဲ့တာ ၁၀ ဦးသေဆုံးတယ်လို့ ဒေသခံတွေနဲ့ အဲဒီတပ်ရင်းကေ ပြာပါတယ်။ ‘’တိုက်ပွဲက ငါးမိနစ်ဝန်းကျင်ပဲကြာတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး’’ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆားတောင်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ PDF ဆေးတပ်ဖွဲ့ဝင်ရဲမေကို သင်္ဂြိုလ်ပြီးစီး၊တိုက်ပွဲဆက်ဖြစ်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့မှာ ဖေဖော်ဝါရီ (၅)ရက် မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံး သွားတဲ့ ဆေးတပ်ဖွဲ့ဝင် ရဲမေ မစုမွန်ထက်ကို ဒီကနေ့ သင်္ဂြိုလ်ခဲ့ပြီး စစ်ကောင်စီနဲ့ တိုက်ပွဲ လည်းဆက် ဖြစ်နေ တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မုန်တိုင်းက [ဆက်လက်ဖတ်ရှုရန်]