နိုင်ငံရေး

အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ခွင့်ရပ်ဆိုင်းပြန်၊ တရက်တာအသုံးပြုခွင့်ရချိန် ငွေကြေးလိမ် လည်ခံရသူတွေလည်းရှိ

ဖေဖော်ဝါရီ၊ ၂၇ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ကို ဖေဖော်ဝါရီ ၂၄ရက်မှာ ပြန်ခွင့်ပြုပြီးနောက်လေးရက်အကြာ ဒီကနေ့မှာ ပြန်ရပ်ဆိုင်းလိုက်ပြန်ပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ဖို့အတွက် အွန်လိုင်းကနေ ရက်ချိန်းယူတဲ့စနစ်ကို ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတခုတည်းအတွက်သာ ခွင့်ပြုခဲ့တာဖြစ်ပေမယ့် တရက်သာ အသုံးပြုခွင့်ရခဲ့ပြီး စနစ်ပြန်လည်ပြင်ဆင်ဖို့ရှိလို့ ဆိုကာ ပြန်ရပ်ဆိုင်းလိုက်တာပါ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ အွန်းလိုင်းရက်ချိန်းယူမှု တရက်ပြန်လည်ရပ်နား၊တရက်တည်းရက်ချိန်းယူသူ ရှစ်ထောင်ကျော်ရှိ

ဖေဖာ်၀ါရီ၊ ၂၅ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အွန်လိုင်းကရက်ချိန်းယူတဲ့စနစ်ပြန်လည်စတင်တဲ့ ဖေဖော်ဝါရီ ၂၄ရက် မနေ့က တ ရက်တည်း ရက်ချိန်းယူသူ ၈၅၀၀ကျော်ရှိခဲ့တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးလက်မှတ်ထုတ်ပေးမှုတွေကို ကာလအတန်ကြာရပ်နားထားပြီး မနေ့ကစလို့ အွန်လိုင်းဘွတ်ကင် စနစ် ပြန်လည်စတင်ရာမှာ အဆင်မပြေမှုတွေရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]