တပ်သား ၁၂၀၀ကျော်သုံးပြီးခုခံပေမဲ့ ဂွမြို့ကိုသိမ်းပိုက်နိုင်ပြီး တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာကျော်သေဆုံးတယ်လို့AA ပြော
ဒီဇင်ဘာ၊ ၃၀ အာဏာသိမ်းစစ်ကောင်စီဟာ ဂွမြို့ လက်မလွှတ်ရဖို့ ကြည်း၊ ရေ၊ လေပစ်ကူတွေနဲ့တပ်အင်အား ၁၂၀၀ကျော်သုံးပြီး ခုခံခဲ့ပေမဲ့ နှစ်ပတ်အတွင်းအပြီးသတ်သိမ်းပိုက်နိုင်သလို တပ်မ(၂၂)တပ်မမှူး၊ တပ်ရင်းမှူးတချို့အပါအဝင် စစ်ကောင်စီတပ်သား ခုနစ်ရာထက်မနည်းသေဆုံးသွားတယ်လို့ အာရက္ခတပ်တော် AA ကဒီဇင်ဘာ ၃၀ရက်ညပိုင်းမှာ ထုတ်ပြန်အသိပေးပါတယ်။ [ဆက်လက်ဖတ်ရှုရန်]