No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဘေးရှောင်များလာလို့ ရန်ကုန်မှာ အိမ်ငှားခစျေးမြင့်တက်

Photo -xinhuanet ဩဂုတ်၊ ၁၂ ရန်ကုန်မြို့ကို စစ်ဘေးရှောင်ပြည်သူတွေဝင်ရောက်တာများနေသလို အိမ်နဲ့တိုက်ခန်းအငှားစျေးနှုန်းမှာလည်း သိသိသာသာမြင့်တက်လာနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ စစ်ရေးတင်းမာနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊တောင်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းရှိမြို့နယ်တချို့ကပြည်သူတွေအနေနဲ့ရန်ကုန်မြို့မှာ စစ်ဘေးရှောင်ဖို့ဝင်ရောက်လာကြတာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီစစ်ဘေးရှောင်တွေအနေနဲ့နီးစပ်ရာဆွေမျိုးတွေဆီမှာခဏတဖြုတ်နေထိုင်ပြီး အခန်းငှားဖို့ရှာဖွေနေကြတာမျိုးရှိကာ အိမ်ရှာသူများတာနဲ့အမျှအခန်းစျေးတွေပါခုန်တက်သွားတယ်လို့ လက်ရှိအခန်းရှာနေသူတဦးကဆိုပါတယ်။ “ဝါတွင်းကာလလည်းဖြစ်နေတော့အခန်းလွတ်ကမရှိဘူး။ရှိတဲ့အခန်းကြတော့လည်းမတန်တဆခေါ်တယ်။တော်တော်များများကအခန်းရရင်ပြီးရောခေါ်တဲ့စျေးပေးမယ်ဆိုပြီးရှာနေကြတာ”လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။ လက်ရှိတိုက်ခန်းအငှားစျေးမှာ အာဏာမသိမ်းမီကာလကထက် [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ရန်ကုန်မြို့မှာတိုက်ခန်းနဲ့ အိမ်ငှားခတွေ​ ဆက်တိုက်မြင့်တက်နေ

ဖေဖော်ဝါရီ၊ ၆ ရန်ကုန်မြို့ကို ရွှေ့ပြောင်းနေထိုင်သူတွေများလာတာကြောင့် အိမ်ငှားခတွေဟာလည်းဆက်တိုက်မြင့်တက်နေပြီး ပေါက်စျေးသက်မှတ်တဲ့စျေးကွက်ပျက်နေတယ်လို့ အိမ်ငှားတွေနဲ့ ပွဲစားတွေဆီကသိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းရန်ကုန်မြို့ဆီ အနယ်နယ်အရပ်ရပ်ကစစ်ဘေးရှောင်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမား တွေနဲ့ နိုင်ငံခြားသွားရောက်ဖို့ သင်တန်းလာတက်သူတွေများလာတာကြောင့်အငှားလိုက်ပြီးစျေးမြင့်တက်လာ တာ လို့သင်္ဃန်းကျွန်းမြို့နယ်က အိမ်၊ခြံ၊မြေပွဲစားတဦးကဆိုပါတယ်။ “အများဆုံးအငှားလိုက်တာက ရန်ကုန်မှာဂျပန်သွားဖို့သင်တန်းလာတက်သူတွေ၊ လူငါးယောက်၊ခြောက်ယောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပေါ်မှာ စစ်ဘေးရှောင်သူ ပိုမိုများပြားလာပြီးနောက် အိမ်ငှားခတွေ မြင့်တက်

ကလေးမြို့တောင်ဘက်တကြောမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်လာသူတွေ ပိုမိုများပြားလာပြီး အိမ်ငှားခတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ မြို့ထဲရပ်ကွက်တွေမှာ ငှားမယ့်အိမ်တချို့ရှိပေမယ့် စျေးနူန်းက တလ ကျပ်တစ်သိန်းခွဲဝန်းကျင်ရှိတဲ့အပြင် သုံးလစာ၊ ခြောက်လစာ တစ်ခါတည်းပေးရတာမျိုးတွေဖြစ်နေလို့ စစ်ဘေးရှောင်တွေ [ဆက်လက်ဖတ်ရှုရန်]