နိုင်ငံရေး

အလုပ်သမားတွေရဲ့ အချိန်ပိုကြေးကို တရက်လုပ်ခ ၅၈၀၀အပေါ် အခြေခံတွက်ပေးရမယ်

  အောက်တိုဘာ၊ ၁၆ စက်ရုံ၊အလုပ်ရုံအလုပ်သမားတွေရဲ့အချိန်ပိုလုပ်အားခကို အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ဖြစ်တဲ့ ၅၈၀၀ ကျပ်အပေါ်အခြေခံပြီးတွက်ချက်ပေးဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဦးမြင့်နောင်ကအသိပေးထားတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းဆီကသိရပါတယ်။ စစ်ကောင်စီအလုပ်သမားဝန်ကြီးနဲ့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)တို့ အောက်တိုဘာ ၁၃ ရက်ကတွေ့ဆုံရာမှာ အထည်ချုပ်လုပ်ငန်းကဏ္ဍတွေအကြောင်းအပြင် ရှင်းလင်းမှုမရှိတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်နဲ့အချိန်ပိုကြေးတွက်ချက်ရမယ့် ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီအလုပ်သမားဝန်ကြီး စက်ရုံတွေသွားစစ်တယ်ဆိုပြီး အလုပ်ရှင်ခေါ်ထားတဲ့ အလုပ်သမားတွေကိုသာတွေ့

စက်တင်ဘာ၊ ၁၁ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စက်ရုံတချို့ကို သွားရောက် စစ်ဆေးရာမှာ စက်ရုံဘက်က ခေါ်ပေးထားတဲ့ အလုပ်သမားတွေနဲ့သာ တွေ့ခွင့်ရလိုက်ပြီး လုပ်ငန်းခွင်အတွင်း အခြေအနေမှန်တွေ ဖုံးဖိတင်ပြတာတွေ ရှိခဲ့တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောကြပါတယ်။ ဦးမြင့်နောင်ဟာ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ထိုင်း MoU အလုပ်သမားတွေ မြဝတီနဲ့ ကော့သောင်းမှာ သက်တမ်းတိုးနိုင်တော့မယ်

စက်တင်ဘာ၊ ၈   ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၁ ရက်ကစပြီး မြဝတီနဲ့ ကောသောင်းမြို့တွေမှာ တရက်ကို လူ တထောင် နှုန်းနဲ့ နေ့ချင်းပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လုပ်ခတိုးတောင်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေနဲ့ ကူညီပေးသူတွေ ပြန်လွတ်လာ

စက်တင်ဘာ၊ ၅   အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်တွေနဲ့ပတ်သက်လို့ တောင်းဆိုတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အလုပ်သမားတွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေကို စက်တင်ဘာ ၄ ရက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုခဲ့ကြတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်ပရောက် လုပ်သားတွေ တရားဝင်ငွေပြန်မလွှဲရင် အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

သြဂုတ်၊ ၃၁   ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်ကနေ လွှဲပို့ဖို့ ပျက်ကွက်ရင် နောက်တကြိမ် ပြည်ပထွက်ခွာခွင့် သုံးနှစ်ပိတ်ခံမယ့်အပြင် ပဋိညာဥ်ဥပဒေအရပါ အရေးယူမယ်ဆိုပြီး စစ်ကောင်စီက ထပ်မံဖိအားပေး ခြိမ်းခြောက်လာတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေကို တရားဝင်ပို့ဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးအသစ်က အေဂျင်စီတွေကို ခေါ်ပြောပြန်

သြဂုတ်၊ ၃၀   ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေကို ဘဏ်ကနေပဲ တရားဝင်လွှဲပို့အောင် ရှင်းလင်းပြောကြားပေးဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးအသစ်က မြန်မာပြည်ပအလုပ်အကိုင်ဝန်​ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEA)က တာဝန်ရှိသူတွေကို ခေါ်ယူ ပြောဆိုခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။   စစ်အာဏာသိမ်းပြီး [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

မြန်မာနိုင်ငံကမိတ်ဖက်စက်ရုံတွေမှာ အခွင့်အရေး ချိုးဖောက်နေမှုတွေကို စုံစမ်းစစ်ဆေးမယ်လို့ H&M ပြော

သြဂုတ်၊ ၁၇   မြန်မာနိုင်ငံအတွင်းက H&M အမှတ်တံဆိပ် အဝတ်အထည်တွေကို တာဝန်ယူ ချုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံ တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ H&M ကုမ္ပဏီက ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အလုပ်သမားတွေအပေါ်ဖိနှိပ်မှုတွေကို စစ်ကောင်စီက လိမ်ညာထုတ်ပြန်နေတယ်လို့ ဝေဖန်

ဇူလိုင်၊၂၉  အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကိုဖမ်းဆီး၊ဝရန်းထုတ်တာတွေလုပ်နေတဲ့စစ်ကောင်စီက အပြည် ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ပြဌာန်းချက် ၈၇ဖြစ်တဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ကို လိုက်နာနေ တယ်လို့ထုတ်ပြန်လာတဲ့အပေါ်အလုပ်သမားအဖွဲ့တွေကဝေဖန်နေကြပါတယ်။ “အလုပ်သမားအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်းလုပ်ကိုင်ခွင့်ရနေလား၊မရဘူးလားဆိုတာမြေပြင်လုပ်ရပ်တွေကိုကြည့်ရုံနဲ့သိသာနေတာ”လို့ မြန်မာနိုင်ငံစက်မှုလက်မှု နှင့်ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးကပြောပါတယ်။ အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အလုပ်သမားအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့ စည်းဆောင်ရွက်ခွင့်ပြုနေပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့နဲ့အလုပ်သမား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အထည်ချုပ်စက်ရုံ အမျိုးသမီးလုပ်သားတွေ ဆဲဆိုခံရမှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာတွေ ပိုများလာ

ဇူလိုင်၊ ၁၈   စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုဖြစ်လာပြီး အဲဒီထဲမှာတော့ အမျိုးသမီးလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း ဆဲဆို၊ ဖိနှိပ်ခံရတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို အရင်ထက် ပိုကြုံတွေ့ရင်ဆိုင်နေကြရတယ်လို့ အထည်ချုပ်လုပ်ငန်းခွင်က [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

အလုပ်သမားတွေကို ဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီလိမ်လည် ဖြေရှင်းနေတယ်လို့ ဝေဖန်ခံရ

ဇူလိုင်၊ ၁၅ ရန်ကုန်မြို့တွင်းစက်ရုံတချို့ကအလုပ်သမားသမဂ္ဂဝင်တွေနဲ့အလုပ်သမားတချို့ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စစီဟာ ဝေဖန်မှုတွေကို လက်မခံသလို လိမ်လည်ဖြေရှင်းတာမျိုးအထိလုပ်နေတယ်လို့ အလုပ်သမား အသိုင်းအဝိုင်းက ဝေဖန်ကြပါတယ်။  “လုပ်ငန်းခွင်ပြသနာကို ဝင်ပါပြီး အလုပ်သမားတွေကိုဖမ်းဆီးတာသိသာထင်ရှားနေတာကို သူတို့အကျင့်အတိုင်း ဝန်မခံရဲတော့ အကြောင်းရှာလိမ်တာလို့ဘဲပြောချင်တယ်၊အလုပ်သမားတွေက လုပ်ငန်းခွင်ပြင်ပနိုင်ငံရေးတောင်း ဆိုချက်တွေလုပ်တာမဟုတ်ဘူးလေ”လို့ အလုပ်သမားသမဂ္ဂ​ခေါင်းဆောင်တဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]