ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မြို့နယ်က ကြွေပုံဂံရွာကိုစစ်ကောင်စီတပ်ကဒုတိယအကြိမ် ပစ်ခတ်စီးနင်းမီးဝင်ရှို့

မေ ၊ ၅ စစ်ကိုင်းတိုင်း၊ဘုတလင်ခရိုင်၊အရာတော်မြို့နယ်ထဲကကြွေပုဂံရွာကိုစစ်ကောင်စီတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲပစ်ခတ်ဝင်ရောက်ပြီးဒုတိယအကြိမ်မီးတင်ရှို့တာကြောင့်ကျေးရွာဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။  အရာတော်အခြေစိုက် လေ့ကျင့်ရေး တပ်ရင်း ၁၀ ကအင်အား ၆၀ လောက်နဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေပစ်ခတ်ပြီးတပြိုင်ထဲဝင်ရောက်စီးနင်းတာလို့ လည်းတိမ်းရှောင်နေရတဲ့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ “ဟုတ်ကဲ့ မနက် ၈ နာရီခွဲက သေနတ်တွေ ဖောက်ပြီးဝင်လာတာဗျ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာတော် နောင်ကြီးအိုင်ရဲစခန်း တိုက်ခိုက်ခံရ၊ သေဆုံးထိခိုက်မှုရှိတယ်လို့ဆို

မေ၊ ၄   ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်မှုတွေလုပ်လေ့ရှိတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မြောက်ပိုင်းက နောင်ကြီးအိုင်ရဲစခန်းကို ဒီကနေ့မေလ ၄ ရက် နေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာတော် ငွေတွင်းရွာမှာ တပ်စွဲထားတဲ့စစ်တပ်က ရွာခံသုံးဦးကိုဖမ်းပြီး တဦးကိုသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတွေက ရွာခံအမျိုးသားသုံးဦးကို ဖမ်းဆီးသွားပြီးနောက် တဦးကို ညတွင်းချင်းနှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း တော်လှန်ရေးသတင်းတွေဖော်ပြပေးနေတဲ့ အရာတော်ပို့စ်က ကိုမောင်မောင်က DNA ကိုပြောပါတယ်။ ပျူစောထီးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၃၀ရက် မနေ့ကည၈နာရီမှာ ငွေတွင်းရွာခံတွေဖြစ်တဲ့ ကိုဇော်နိုင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ-အရာတော်လမ်း အသုံးပြုခွင့် PDF ၆ ဖွဲ့ ပိတ်

မုံရွာ-အရာတော်လမ်းပိုင်း အသုံးပြုသွားလာခြင်းကို အထူးတားမြစ်ပိတ်ပင်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစု ၆ ဖွဲ့က အရေးပေါ်သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။ မုံရွာ-အရာတော်လမ်းပေါ် အကြမ်းဖက်စစ်တပ်တွေတပ်စွဲကာ သွားလာလှုပ်ရှားမှု ရှိ‌နေတာကြောင့် ဒီနေ့ (ဇွန် ၂၉ ရက်နေ့) မနက် ၉ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မြောက်နယ် ရောက်လာတဲ့တပ် လက်နက်ကြီးနဲ့ပစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ အရာတော်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့သိရပါတယ်။ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ အရာတော်မြောက်နယ်၊ဟင်္သာကျေးရွာနဲ့ လိန်လှ‌ကျေးရွာ အနီးရောက်ရှိလာပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်ပို့စ်က ထုတ်ပြန်ပါတယ်။ ဒေသခံတွေဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မီးရှို့ဖျက်ဆီးခံရတဲ့ မလဲသာရွာ ဆုံးရှုံးမှုတန်ဖိုး မတွက်ချက်နိုင်သေးလောက်အောင် များနေ

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အရာတော်တောင်နယ်၊ မလဲသာကျေးရွာရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မတွက်ချက်နိုင် သေးလောက်အောင်များနေတယ်လို့သိရပါတယ်။ မေလ(၂)ရက်နေ့က အရာတော်တောင်နယ်၊ မလဲသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြောင့် အိမ်ခြေ၁၀၀၀နီးပါးရှိတဲ့ မလဲသာရွာမှာ အိမ်၇၀၀ကျော်လုံးဝပြာကျခဲ့ပြီး အိမ်၆၀လောက်သာ အကောင်းအတိုင်းကျန်ခဲ့တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ‘ဆုံးရှုံးမှုကအရမ်းများနေတော့ ပျက်စီးမှုတန်ဖိုးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မလဲသာရွာမှာ မီးရှို့ခံရတဲ့ ရုပ်အလောင်းဟာ မျက်မမြင်အမျိုးသား ဖြစ်နိုင်

စစ်ကိုင်းတိုင်း၊ အရာတော်တောင်နယ်၊ မလဲသာကျေးရွာက အိမ်ခြေ ၅၀၀ နဲ့အတူ မီးရှို့ခံရတဲ့ ရုပ်အလောင်းဟာ မျက်မမြင် အမျိုးသားတစ်ဦး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ မေလ (၂) ရက်နေ့က အရာတော်တောင်နယ်၊ မလဲသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြေင့် အိမ်ခြေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်စစ်တပ်ထဲ ဒရုန်းနဲ့ ဒုတိယအကြိမ်မြောက်ဗုံးကြဲခဲ့

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်ထဲက အမှတ်(၁၀)လေ့ကျင့်ရေးတပ်ကို ဒုတိယအကြိမ်မြောက် ဒရုန်းနဲ့ ဗုံး ကြဲခဲ့ကြောင်း လျှပ်စစ်မိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ အရာတော်မြို့၊အမှတ်(၁၀)လေ့ကျင့်ရေးတပ်(အရပ်ခေါ် အရှေ့တပ်) လူနေဆောင်ကို တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ အကူအညီနဲ့ လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ နဲ့ ဗိုလ်မိုးသီးတပ်ဖွဲ့တို့ ဦးဆောင်ကာ အရာတော်မြောက်ပိုင်း မဟာမိတ်ညီနောင်တွေက ဧပြီ၂၇ရက်နေ့မွန်းလွဲ၂နာရီလောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အရာတော် သံချပ်ကာတပ်လက်နက်တိုက် မီးလောင်

အရာတော်မြောက်ပိုင်း မဟာမိတ်ညီနောင်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သံချပ်ကာတပ်လက်နက်တိုက် မီးစွဲ လောင်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခွဲလောက်က စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်ရှိ အမှတ် (၅၀၀၄) သံချပ်ကာ ယန္တရားတပ်ရှိ လက်နက်တိုက်ရှိရာ အတောက်အဦကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ရှောက်ခါးကျေးရွာအတွက် အရာတော် ပကဖက သိန်း၂၀ မတည်လှူ

အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ရှောက်ခါးကျေးရွာမှာရှိတဲ့ ပြည်သူတွေအတွက် ARA အရာတော် ပကဖက ငွေသိန်း ၂၀မတည်လှူဒါန်းပြီး ဒေသခံပြည်သူတွေနဲ့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ [ဆက်လက်ဖတ်ရှုရန်]