ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်ကပဲစိုက်တောင်သူတွေ စစ်ကောင်စီတပ်ကြောင့် ရိတ်သိမ်းဖို့အခက်တွေ့နေ

မေ၊ ၈ စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ နှစ်လကျော်ကြာ တပ်စွဲထားတာကြောင့် အဲ့ဒီ့ရွာကနေတိမ်းရှောင်လာရတဲ့ပဲစိုက်တောင်သူတွေဟာ သူတို့စိုက်ပျိုးထားတဲ့မြေပဲခင်းတွေကိုပြန်လည်မရိတ်သိမ်းနိုင်ပဲဖြစ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ “အဲ့မှာမတ်လ ၂ဝလောက်ကစပြီးကတုတ်ကျင်းတွေတူး၊ဘန်ကာတွေအခိုင်အမာဆောက်ပြီးနေနေတာအောင်ကုန်းနံ့သာမှာကတိုက်ပွဲကခနခနပဲ။လေယာဉ်တွေနဲ့လဲခနခနအကြဲခံရတယ်။ရွာသားတွေဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိတယ်ဆိုတော့ရွာသားတွေကစစ်တပ်ဝင်လာထဲကရှောင်နေရတာ ၂ လကျော်ပြီ” လို့ အင်းတော်ဒေသခံတဦးက DNAကိုပြောပါတယ်။ လက်ရှိမှာတော့ အောင်းကုန်း၊နန့်သာ၊အင်ပင်နဲ့ တုံ့တော်ရွာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတဲ့ မံဟဲရွာသားငါးဦး ရုပ်အလောင်း တလကြာမှတွေ့

ဧပြီ၊ ၂၅   စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မံဟဲရွာကနေ စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မံဟဲရွာသားငါးဦးရဲ့ ရုပ်အလောင်းတွေကို မော်လူးမြို့အရှေ့တောင်ဘက်တောထဲမှာ ဧပြီလ ၂၄ ရက် မနေ့က တွေ့ရှိရတယ်လို့ အင်းတော်ရီဗော်လူးရှင်းဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်ကလူငယ်တဦးကို စစ်ခုံရုံးက PDF နဲ့ပက်သက်တဲ့ စွပ်စွဲချက်နဲ့ ထောင်တသက်ချမှတ်

ဧပြီ၊ ၄ စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချူပ်ရေး ကြေညာခံထားရတဲ့ အင်းတော်မြို့ရှိ စစ်ခုံရုံးက အသက် ၂၄ နှစ်အရွယ် လူငယ်တဦးကို ဒေသကာကွယ်ရေး တပ်မတော် (PDF) တွေနဲ့ ပက်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မှာဖမ်းဆီးခံထားရတဲ့အလယ်တန်းပြဆရာမအပါအဝင်၊ဒေသခံ ငါးဦး ကိုအကြမ်းဖက်ပုဒ်မနဲ့တရားစွဲ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊အင်းတော် မြို့ပေါ်မှာပြီးခဲ့တဲ့ မတ်လ၃ရက်နေ့ထဲက PDFနဲ့အဆက်စပ်ရှိနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့CDM ကျောင်းဆရာမသုံးဦးအပါအဝင် ဒေသခံ၁၅ဦးကိုစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက်ဆရာမတဦးအပါအဝင်ဒေသခံငါးဦးကိုအကြမ်းဖက်ပုဒ်မတွေနဲ့အင်းတော်စစ်ခုံရုံးကတရားစွဲဆိုပြီးကသာထောင်ကိုပို့ဆောင် လိုက်တယ်လို့သိရပါတယ်။ အဲ့ဒီ့လိုဖမ်းဆီးတရားစွဲဆိုခံရသူတွေထဲမှာ အင်းတော်မြို့နယ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ပြီး ကျန်သုံးဦးကတော့ ကျော်ရွာအလယ်တန်းပြဆရာမ ဒေါ်သိန်း ၊ မြို့မစျေးတိုက်တန်းလျားမှာနေထိုင်တဲ့ ကုန်သည်တွေဖြစ်ကြတဲ့ မခင်ပြည့်ပြည့်ထွန်း၊ဒေါ်အေးတို့ဖြစ်ကြတယ်လို့သိရပါတယ်။ “ပကဖရဲဘော်နှစ်ဦးအဖမ်းခံရတာကနေအလှူရှင်စာရင်းပေါက်သွားပြီးအဖမ်းခံရတာ။လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မာန်ဟဲရွာမှာ စစ်ကောင်စီတပ်ကပီဒီအက်ဖ်အသွင်ယူဝင်စီးပြီးအရပ်သားငါးဦးကိုဖမ်းဆီး

မတ် ၊ ၂၄ စစ်ကိုင်းတိုင်း၊အင်းတော်ခရိုင်နဲ့ကချင်ပြည်နယ်အစပ်ကြားကမာန်ဟဲရွာကိုစစ်ကောင်စီတပ်တွေဟာဒီကနေ့မနက် ၂ နာရီလောက်မှာပဲပီဒီအက်ဖ်အသွင်သူအချို့ပါဝင်တဲ့အင်အား ၁၀၀ ကျော်လောက်နဲ့ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၅ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ့ဖမ်းဆီးခံရသူတွေကိုစစ်ကောင်စီတပ်ထဲရောက်နေတဲ့ဒေသခံတဦးကပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီတပ်တွေကိုလမ်းပြခေါ်ဆောင်ဖမ်းဆီးခိုင်းခဲ့တာလို့လည်းသိရပါတယ်။ “ဝင်စီးတာပီဒီအက်ဖ်နဲ့ယူနီဖောင်းတွေဝတ်ပြီးပုံမှားရိုက်ပြီးဝင်စီးတာ။အကုန်လုံးတော့မဟုတ်ဖူး။အဲ့ဒေသက ဒလန်က စစ်ထဲဝင်ပြီး အဲ့စစ်ကြောင်းနဲ့အတူလိုက်လာတာပြီးတော့ရုတ်တရက်ရောက်ချလာပြီးရွာသားတွေကိုဖမ်းသွားတာ။အမျိုးသားတွေချည့်ပဲငါးယောက်ပေါ့။သူတို့ကတော့ပကဖတွေဆိုပြီးဖမ်းသွားတာ”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာအရပ်သား၂၀ဦးခန့်ကိုဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် ၁၅ဦးခန့်ကိုပြန်လွှတ်ပေးခဲ့တယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မီးသွေးဖုတ်တဲ့ လူငယ်တဦးကို စစ်ခုံရုံးက ထောင်တသက်တစ်ကျွန်းချမှတ်

မတ်၊ ၁ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက မီးသွေးဖုတ်တဲ့ ဒေသခံတဦးကို ဒေသကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ ပက်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ Indaw Revolution – IR [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်အထိုင်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ရှစ်ဆယ်နီးပါးအရွယ် အဖွားအိုတဦးအပါအဝင် လေးဦးဒါဏ်ရာရ

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇၈နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ပြည်သူ၄ဦး ထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်မှာဒီကနေ့ မနက်ပိုင်း၁၁နာရီအချိန့်ခန့်က မြို့တောင်ဘက် ရိက္ခာကုန်းတပ်ရှိ စစ်ကောင်စီအဖွဲ့များမှ လက်နက်ကြီးနဲ့ကျော်ရွာ ၊မိုယူရွာတွေကိုပစ်ခတ်ခဲ့တဲ့အတွက်အခုလိုထိခိုက်ဒါဏ်ရာရခဲ့တာလို့ဆိုပါတယ်။ “မိုယူရွာကအမကတော့အတော်စိုးရိမ်နေရတယ်။ဆေးရုံကိုပို့ထားတယ်။သူတို့ကတင့်ကားလက်နက်ကြီးစမ်းပစ်တာလို့ပြောတယ်။အဲ့ရွာတွေကမြို့နဲ့နီးတယ် တပ်ရင်းနာမည်တော့မသိရဘူးဗျ ။သက်သက်ကြီးပစ်တာတိုက်ပွဲဖြစ်တာလဲမရှိဘူးအဲ့ရွာတွေမှာက”လို့အင်းတော်ဒေသခံတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငွေပေးမှ မီးပေးမယ်ဆိုတဲ့စကားကိုအမြန်ပြန်ရုပ်သိမ်းဖို့ အင်းတော်PDF သတိပေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားလျှပ်စစ်ခွဲရုံက တာဝန်ရှိသူတွေအနေနဲ့ ငွေပေးမှ လျှပ်စစ်မီးပေးမယ်ဆိုတဲ့စကားကို အမြန်ပြန်ရုပ်သိမ်းဖို့ Indaw Revolution က သတိပေးလိုက်ပါတယ်။ ဒါ့အပြင် အင်းတော်မြို့နယ် နဘားလျှပ်စစ်ခွဲရုံအနေနဲ့ ပြည်သူတွေအပေါ်မငဲ့ကွက်ဘဲ ပြည်သူတွေဒုက္ခရောက်အောင် ဆက်လက်ပြီး လျှပ်စစ်မီးဖြတ်တောက်နေမယ်ဆိုပါက အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]