ပဲခူးတိုင်း ၊ရေတာရှည်မြို့နယ် ၊ကဲလင်းဆိပ်အုပ်စုရွာသာရွာမှာဖေဖော်ဝါရီလ ၁၆ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးရင်းထောင်ထားခဲ့တဲ့မြေမြှုပ်မိုင်းကိုနင်းမိရင်းပေါက်ကွဲခဲ့ရာမှဒေသခံအမျိုးသားတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ရေတာရှည်မြို့နယ်၊ရွာသာကျေးရွာ ဒေသတစ်ဦးဖြစ်တဲ့အသက်၃၁ နှစ်အရွယ် ကိုဇော်မင်းဆိုသူဟာဖေဖော်ဝါရီလ ၁၆ ရက်၊မနက် ၆နာရီဝန်းကျင်ခန့်မှာ ရွာအရှေ့ငှက်ပျောခြံရှိရာကိုငှက်ပျော သီးခုတ်ဖို့သွားရောက်စဥ်ရွာအဝင်လမ်းမှာထောင်ထားတဲ့စစ်ကောင်စီရဲ့မြေမြှုပ်မိုင်းတစ်လုံးကိုတက်နင်းမိခဲ့ရာကအပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိရတဲ့ရွာသာကျေးရွာသားတဦးကပြောပါတယ်။ ” ရွာအဝင်အဝမှာမိုင်းပေါက်တဲ့အသံကြားလို့သွားကြည့်တာရွာကတစ်ယောက်ဖြစ်နေတယ်။ငှက်ပျောသီးခိုင်ခုတ်ဖို့ထွက်သွားရင်းမိုင်းနင်းခံရတာဒဏ်ရာပြင်းတယ်။ရေတာရှည်ဆေးရုံကိုပို့ထားရတယ်။”လို့သူကပြောပါတယ်။ ကိုဇော်မင်းဆိုသူဟာ စစ်ကောင်စီတပ်ရဲ့မြေမြှုပ်မိုင်းထိမှန်ခဲ့လို့ [ဆက်လက်ဖတ်ရှုရန်]