ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တန်းပျူခေါင်းဆောင်ဆိုသူကို ဒေသတွင်းပြောက်ကျားတွေတိုက်ခိုက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ကျောက်တန်းမြို့ ပျူစောထီးခေါင်းဆောင်ဆိုသူကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မနေ့ည၇နာရီမိနစ်၂၀လောက်က ကျောက်တန်းမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦးဆိုသူ စိုးပိုင် ကို ကျောက်တန်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)နဲ့ ဇာတိသွေးအဖွဲ့တို့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စိုးပိုင်မှာ လွတ်မြောက်သွားပြီး သူ့နေအိမ်ရှေ့ရပ်ထားတဲ့ ကားသာ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း KPDF ကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သန်လျင်ထွေအုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့၊ ဦးအောင်ဇေယျလမ်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး သုံးထပ်တိုက်ကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၇ရက်နေ့ ညဦးပိုင်းကဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထွေအုပ်ရုံးအတွင်းရှိ ဒုဦးစီးမှူးရဲ့ ဖခင်လန့်ဖြန့်ကာ သေဆုံးသွားကြောင်း ပကဖ တာဝန်ရှိသူကပြောတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန် နယ်ကဖော်ပြပါတယ်။ ဗုံးပေါက်ကွဲသံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့နယ်ထွေအုပ်ရုံး ၄၀(မမ)လောင်ချာနဲ့ တိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၄၄(မမ)အပြင်းစားဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခံရပြီး အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၁၁နာရီမိနစ်၂၀မှာ ခရမ်းPDF က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွေအုပ်ရုံးအဆောက်အဦ မျက်နှာကျက်တွေကွာကျခဲ့ကာ ရုံးအနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ တိုက်ခိုက်ခံရချိန်မှာ အကြမ်ဖက်စစ်သားနဲ့ အုပ်ချုပ်ရေးမှူးတွေ ကြောက်လန့်တကြားထွက်ပြေးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖမ်းဆီးခံ ခရမ်းပြည်သူ၅ဦးကို ပြန်မလွှတ်သေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၅ ဦးကို ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။ ဖမ်းဆီးခံထားရသူတို့မှာ ခရမ်းမြို့နယ်၊ကျုံမရေရွာသား၃ဦး၊ဒေးပေါက်ရွာသားတစ်ဦးနဲ့ရွှေဘိုစုရွာသားတစ်ဦးတို့ဖြစ်ပြီး မတ်လ၁၀ရက် ညမှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတာလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာခရမ်းချန်နယ်က ဖော်ပြပါတယ်။ မတ်လ ၁၀ ရက်နေ့ ည ၁၁ [ဆက်လက်ဖတ်ရှုရန်]