နိုင်ငံရေး

ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိပ်စက်ခံနေရ

မတ်၊ ၇ မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်း သားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိက်စက်ခံနေရတယ်လို့ ရှေ့နေတွေနဲ့ ပြန်လည်လွတ်မြောက် လာသူတွေဆီက သိရပါတယ်။  ထောင်တွင်း အကျဉ်းသားအခွင့်အရေးရဖို့ တောင်းဆိုသူတွေကို ထောင်အာဏာပိုင်တွေက ပစ်မှတ်ထားဖိနှိပ် တိုက်ခိုက်မှုတွေလုပ်လေ့ရှိတယ်လို့ ကျိုက်မရောထောင်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မွန်ပြည်နယ်မှာ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူ တရာကျော်ရှိ

မတ်၊ ၃ မွန်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူ တရာကျော် ရှိတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ ဝန်ထမ်းတွေနဲ့ သာမန်အရပ်သားတွေလိုင်စင်နဲ့ သေနတ်ကိုင်ခွင့်ရှိတဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ် ကောင်စီကထုတ်ပြန်ပြီးနောက်တလအကြာမှာ လျှောက်ထားသူတရာကျော်အထိ ရှိနေတာလို့ စစ်ကောင်စီရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမှာတိုက်ပွဲအပြီး ကျေးရွာတွေထဲ တပ်စွဲထားတာကြောင့် ဒေသခံ တထောင်ကျော်နေရပ်မပြန်နိုင်

မတ်၊ ၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောကျေးရွာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်ကစပြီးဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ တထောင်ကျော်ဟာ ဒီကနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတော်လှန်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကျိုက်ထို မြို့နယ်၊ ငှက်ပျောတောကျေးရွာအတွင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကစပြီး စစ်ကောင်စီတပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒုံသမိ တံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက် ၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မတ်၊ ၁ မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံသမိတံတား ကရင်ပြည်နယ်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်ကို ဒီကနေ့ (မတ် ၁ ရက်) KNU ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံဃာတပါး လိုက်ပါလာတဲ့ကားပေါ်က လက်နက်ခဲယမ်းတွေဖမ်းမိတယ်လို့ဆို

ဖေဖော်ဝါရီ၊ ၂၈ မွန်ပြည်နယ်၊ သထုံမြို့နယ်အထွက် စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်တစ်ခုမှာ တရားမဝင်သယ်ဆောင်လာတဲ့ လက်နက်မျိုးစုံ ၂၀ ကျော်နဲ့ ကျည်ဆံလေးထောင်နီးပါးကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ လက်နက်တွေသယ်ဆောင်လာတဲ့သတင်းအရ စစ်ကောင်စီတပ်ဖွဲ့တွေက သထုံမြို့အထွက် စစ်ဆေးရေးဂိတ်မှာ စောင့်ဖမ်းနေချိန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မွန်ပြည်နယ်မှာတရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေပိုမိုများပြားလာ

စစ်အာဏာသိမ်းယူခဲ့တဲ့၂ နှစ်တာကာလအတွင်း မွန်ပြည်နယ်မှာ တရားမဝင်ဆေးဝါးရောင်းဝယ်သုံးစွဲတာတွေ ပိုမိုများပြားလာကာ စစ်ကောင်စီက ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ လူငယ့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက DNA ကို ပြောပါတယ်။   မွန်ပြည်နယ်က မြို့နယ်တချို့မှာ တရားမဝင်မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ဖောက်ကားတာအပြင် သုံးစွဲတာတွေအပေါ် စစ်ကောင်စီက အရေးယူဖို့ထက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုရဲစခန်းအနီးပစ်ခတ်မှုအပြီး မြို့အတွင်းအပြင်ကိုစစ်တပ်လုံခြုံရေးတင်းကျပ်နေ

ဖေဖော်ဝါရီ ၊ ၂၂ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ မနေ့ဖေဖော်ဝါရီ ၂၁ ရက်ညနေပိုင်းက မြို့မရဲစခန်းအနီးမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့တွင်းမှာစစ်ဆေးတင်းကျပ်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ မနေ့ညပိုင်းက မြို့မရဲစခန်းနဲ့ ပြတိုက်အနီးမှာပစ်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီး ဗုံးတွေ့ရှိမှုကြောင့်ပစ်ခတ်တာဖြစ်တယ်လို့လည်း အနီးအနားကဒေသခံတွေကပြောပါတယ်။ ” မနေ့ညနေပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမှာမြေမြုပ်မိုင်းကြောင့်လေးဦး ထိခိုက်ခဲ့လို့ ဒေသခံတွေ စိုးရိမ်ထိန့်လန့်နေရ

မွန်ပြည်နယ် ၊ရေးမြို့နယ် ၊လမိုင်းမြို့မှာပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးအပတ်ကနေ ဖေဖော်ဝါရီလ၁၇ရက်နေ့အထိ သုံးပတ်အတွင်းမြေမြုပ်မိုင်းကြောင့်ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်ဒေသခံတွေဟာမြေမြုပ်မိုင်းအန္တရာယ်တွေအပေါ်စိုးရိမ်ထိန့်လန့်နေကြရပါတယ်။ လမိုင်းမြို့ ၊ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခလရ( ၆၁)ကင်းစခန်းအနီးတဝိုက်မှာမြေမြုပ်မိုင်းတွေထောင်ထားတာကြောင့်ဒေသခံတွေသွားလာရာတွင်မကြာခဏမိုင်းနင်းမိတာနဲ့ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ လမိုင်းမြို့ခံတစ်ဦးကပြောပါတယ်။ ” ဘေးကလွဲရွာကချောင်းကူးကြိုးတံတားအနီးမှာမိုင်းတွေထောင်ထားတယ်။အဲ့မှာခလရ၆၁ကလည်းတပ်စွဲထားတယ်။တပ်စွဲတဲ့နေရာကိုဖြတ်ပြီးတံတားဘက်သွားတဲ့သူတိုင်းမိုင်းနင်းမိလို့ ခြေလက်တွေထိတာခနခနပဲဖြစ်နေတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

သထုံမှာ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကုန်တင်ကားတစီးထိခိုက်ပြီး ယာဥ်မောင်းသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာမှာ စားသောက်ကုန်ပစ္စည်းတွေ တင်လာတဲ့ ဟိုင်းလတ်ကားတစီး ပစ်ခတ်ခံရလို့ ယာဉ်မောင်းသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။   ကမာစိုင်ကျေးရွာ (ရွာသစ်ကျေးရွာ)အနီးမှာ ဟိုင်းလတ်ကားတစီး ပစ်ခတ်ခံထားရတာဖြစ်ပြီး ယာဥ်မောင်းဖြစ်သူ မင်းထွန်း(ခ)ဝက်ကလေးဆိုသူလည်း အခင်းဖြစ်နေရာမှာပဲ သေဆုံးနေတာကို ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်ကနေ မလေးရှားသွားမယ့် ရိုဟင်ဂျာ လေးဆယ်ကို စစ်ကောင်စီဖမ်းဆီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီးမှာ ဒီကနေ့ (ဖေဖော်ဝါရီ ၁၉)ရက် နံနက်ပိုင်းက  ပုန်းခိုနေတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဝါခရူချောင်းဝဘက်ကနေ စက်လှေတစီးနဲ့ လိုက်ပါလာကြတဲ့ ရိုဟင်ဂျာတွေက [ဆက်လက်ဖတ်ရှုရန်]