ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးရက်အတွင်း အရပ်သားဆယ်ဦးထက်မနည်း သေဆုံး
Photo. APM/C ဇွန်၊ ၂၁ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ သုံးရက်အတွင်း ကလေးသူငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သားဆယ်ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၁၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ DNAကကောက်ယူခဲ့တဲ့အချက်အလက်တွေအရသိရပါတယ်။ ဇွန်လ ၂၀ရက်နေ့မှာအမ်းမြို့နယ်လသဲကမ်းထောင်းကျေးရွာကို စစ်တပ်လေကြောင်းကပစ်ခတ်ခဲ့လို့ အသက်၄နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် မိသားစု၃ဦးသေဆုံးခဲ့ပြီး တခြားဒေသခံ၂ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]