နိုင်ငံရေး

မန္တလေးမှာ မြေအောက်ရေကန်ထဲဆင်းပြီး အလုပ်လုပ်တဲ့သူနှစ်ဦး အောက်ဆီဂျင်ပြတ်သေဆုံး

သြဂုတ်၊ ၁၈   မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ သြဂုတ်လ ၁၈ ရက်၊ မနက် ၉ နာရီလောက်က ဆောက်လက်စ နေအိမ်တလုံးရဲ့ မြေအောက် ရေကန်အတွင်း ဆင်းပြီး အလုပ်လုပ်နေတဲ့ အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးသွားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဓာတ်လိုက်နေသူတွေကို ကူညီပေးဖို့ ကြိုးစားရင်း အမျိုးသမီးတဦး ဓာတ်လိုက်သေဆုံး

သြဂုတ်၊ ၁၆   မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်က နေအိမ်တလုံးမှာ ဒီကနေ့မနက်ပိုင်းက နေအိမ် Sun shade ပေါ် သန့်ရှင်းရေး တက်လုပ်ရာက လျှပ်စစ်ကြိုးနဲ့ထိမိပြီး ဓာတ်လိုက်ခဲ့တာကြောင့် တဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမြို့ရှိ ဆေးဆိုင်တဆိုင် သိန်းရှစ်ရာနီးပါး ဓားပြတိုက်ခံရ

ဇူလိုင်၊ ၂၅   မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အတွင်းရှိ ဆေးဆိုင်တဆိုင်ကို ဇူလိုင်လ ၂၄ ရက် မနေ့ညက အရပ်ဝတ်နဲ့ လူတစုက စစ်ဆေးစရာရှိတယ်လို့ ပြောဆိုကာ အိမ်ထဲ ဝင်ရောက်လာပြီးနောက် ဓားပြတိုက်သွားလို့ သိန်းရှစ်ရာနီးပါး ပါသွားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ခိုင်မာတဲ့ မြေကွက်တွေ အရောင်းအဝယ်ပိုဖြစ်နေ

ဇူလိုင်၊ ၂၁   စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ခိုင်မာမှုရှိတဲ့ မြေကွက်တွေကို ပိုမိုဝယ်ယူလာကြသလို ဝယ်ယူလိုတဲ့ အရေအတွက် ပိုများပြားလာနေတယ်လို့ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တွေက DNA ကိုပြောပါတယ်။   အခုလတ်တလောမှာလည်း မန္တလေးမြို့ရဲ့ အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းတွေမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယာယီပိတ်ထားတဲ့ ရွှေဘို-မန္တလေး လမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့ ထုတ်ပြန်

ဇူလိုင်၊၂၀ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဇူလိုင် ၂၀ ရက် ဒီကနေ့ မနက်ပိုင်းကစတင်ပြီး ယာယီပိတ်ထားရာကနေ နေ့လယ်ပိုင်းမှာတော့ပြန်ဖွင့်ပေးခဲ့တယ်လို့ ရွှေဘိုသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ “ယနေ့နံနက်ပိုင်းမှာ မြေပြင်စစ်ရေးအခြေအနေအရ ယာယီသွားလာမှုပိတ်ပင်ထားတဲ့ ရွှေဘို-မန္တလေး လမ်းပိုင်းကို ပြန်လည်သွားလာလို့ရပါပြီ။ လိုက်နာပေးတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမရပူရက မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရ

ဇူလိုင်၊ ၁၄   မန္တလေးတိုင်း၊ အမရပူရမြို့နယ်က မောင်ဒိန်းရွှေဆိုင် မနေ့က ဓားပြတိုက်ခံရလို့ သိန်းတထောင့်လေးရာကျော် တန်ဖိုးရှိ ရွှေထည်တွေ ဆုံးရှုံးသွားတယ်လို့ အဲဒီရွှေဆိုင်နဲ့ နီးစပ်တဲ့ အမရပူရမြို့ခံတွေက ပြောပါတယ်။   ရန်ကုန်-မန္တလေး လမ်းဟောင်း၊ စာတိုးမြို့ပြင်ကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းကို စစ်ကောင်စီရဲ့ ထောက်ပို့အဖြစ် သုံးလာနိုင်မလား

ဇူလိုင်၊ ၁၃   မဲစာရင်း အကြောင်းပြပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော် ပိတ်ထားတဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို စစ်ကောင်စီက ထောက်ပို့လမ်းကြောင်း အတွက် ရထားပြန်လည်ပြေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး နတ်ဆိုးမြေအောက် PDF အဖွဲ့ခေါင်းဆောင်ဆေးကုသွားရင်းဖမ်းဆီးခံရ

ဇူလိုင် ၊ ၁၃ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ အခြေစိုက်တဲ့ နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်နတ်ဆိုးနဲ့အဖွဲ့ဝင်အမျိုးသမီးတဦးအခုရက်ပိုင်းမှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ နီးစပ်တဲ့တော်လှန်ရေးအင်အားစုတွေက အတည်ပြုပြောဆိုပါတယ်။  ‘’ သူနဲ့အတူဆေးကုပေးနေတဲ့ ဆရာမတယောက်လည်းအဖမ်းခံလိုက်ရတယ်။ မန္တလေးမှာဆေးကုဖို့သွားတဲ့အချိန်အဖမ်းခံလိုက်ရတာပါ။ တော်လှန်ရေးသမားဆိုတော့ မိုင်းတွေယမ်းတွေအသုံးပြုတော့ သူရဲ့နားကအဆင်မပြေဖြစ်တာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ ညပိုင်းသွားလာသူတွေကို ဖမ်းဆီးငွေညှစ်တာတွေ ဖြစ်ပေါ်နေ

ဇူလိုင်၊ ၇   မန္တလေးမြို့ရဲ့ မြို့အစွန်းလမ်းပိုင်းတွေနဲ့ မြို့အပြင် လမ်းပိုင်းတချို့မှာ ညအချိန် သွားလာနေသူတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူတွေထံက သိရပါတယ်။   “ ကျနော့်အကိုက စျေးဝယ်ပြီး ပြန်လာတဲ့အချိန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေး – ပြင်ဦးလွင်လမ်းမှာ တွဲကားတစ်စီးတိမ်းမှောက်လို့ ယာဥ်မောင်းသေဆုံး

ဇူလိုင်၊ ၃   မန္တလေး-ပြင်ဦးလွင်လမ်း ပေါ် ၁၇ မိုင် အနီးမှာ ဒီကနေ့မနက် အစောပိုင်းက ဂေါ်ဒန်ကျောက်တွေ သယ်လာတဲ့ တွဲကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ယာဥ်မောင်းသေဆုံးသွားသလို ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာရသွားတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]