ဒေသအလိုက် သတင်းကဏ္ဍ

အချုပ်ကားဖောက်ပြေးသူတွေထဲက သုံးဦးပြန်ဖမ်းခံရ၊တဦးသေဆုံး

မတ်၊ ၂ မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်ကအချုပ် သားတွေကို ရုံးထုတ်ပြီးအပြန်မှာအချုပ်ကားဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားသူတွေထဲက တဦးပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးသွားသလို နောက်ထပ်နှစ်ဦးကတော့ အရှင်ပြန် လည်ဖမ်းဆီးခံလိုက်ရတယ်လို့ ရမည်းသင်းမြို့ပေါ်က စစ်အုပ်စုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် စစ်အုပ်စုက ဖြစ်စဉ်ဖြစ်ပွားရာအနီးတဝိုက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ငါန်းဇွန်နယ် ဂျပန်ကျွန်း ရွာလုံးကျွတ်မီးရှို့ခံရပြီး ရွာခံသုံးရာကျော်ထွက်ပြေးနေရ

ဖေဖော်ဝါရီ၊ ၂၄ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ဧရာဝတီမြစ်အတွင်းက ဂျပန်ကျွန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ နှစ်ရက်ဆက်မီးရှို့တာကြောင့် ရွာလုံးကျွတ်ပြာကျသွားသလို ရွာခံသုံးရာကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   စစ်တပ်က အင်အား (၇၀)လောက်နဲ့ ဂျပန်ကျွန်းကျေးရွာကို ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်အောင်လို့ ကားတစီးနဲ့ ပန်းခုံ၁၀ခုံ လှူမယ်ဆိုပြီးကျောင်းထိုင်ဆရာတော်ရဲ့ကားကိုခိုးယူ

မန္တလေးတိုင်းဒေသကြီး ၊မတ္တရာမြို့နယ် မှာဖေဖော်ဝါရီ၂၀ရက်နေ့က မိုးညှင်းကျောင်းတိုက်  ဆရာတော်ဥူးဇဝန ပိုင်ဆိုင်တဲ့ကားကိုအမည်မသိအမျိုးသားတစ်ဦးကParadoကားတစ်စီးနဲ့ပန်းခုံ၁၀ခုံလှူမယ်ဆိုပြီးခိုးယူသွားခဲ့တယ်လို့သိရပါတယ်။ ကားခိုးယူသူဟာ ကျောက်အောင်လို့ ပန်းခုံ၁၀ခုံနဲ့ကားလှူမယ်ပြောပြီးဆရာတော်ကားကိုဌားသွားပြီးဆွေမျိုးတွေနဲ့ပန်းခုံတွေသွားယူမယ်လိုဆိုကာဆရာတော်ရဲ့ကားကိုခိုးယူသွားတာဖြစ်ပါတယ်။ “ဖြစ်စဉ်ကတော့ရှည်တယ် သူကတောင်ပြုံးမင်းညီနောင်နတ်နန်းမှာ နတ်ကနားပေးမယ်နတ်နန်းပိုင်ရှင်နဲ့တွေ့ချင်တယ်ဆိုပြီးမချိုနဲ့ကနားပေးမယ့်ရက်ရွေးတာ ပြီးတော့သူတို့ဗေဒင်မေးတဲ့ကျောင်းကမှန်တယ်တမိသားစုလုံးအဲ့မှာဗေဒင်မေးပြီးကျောက်အောင်တာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပြီး ကားနဲ့ပန်းခုံလှူချင်တယ်ဆိုပြီး မချိုကိုပြောတာ မချိုကနေမှ ကျောင်းကိုလိုက်ပို့တာ ကိုယ့်ဆရာတော်ဆိုပြီး ယုံကြည်မှုနဲ့လိုက်ပို့တာ”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချေးငွေနွံထဲက စစ်ကောင်စီရဲ့ သံမဏိစီမံကိန်းတွေဘာကြောင့်လည်ပတ်ဖို့ ကြိုးစားနေတာလဲ

စီးပွားရေးအရ တွက်ချေမကိုက်ရုံပဲ ချေးငွေတွေနဲ့  လည်ပတ်မယ့် ရှမ်းပြည်နယ်က ပင်းပက်နဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့က သံမဏိစက်ရုံတွေကို အာဏာသိမ်းစစ်ကောင်စီ ဒီနှစ် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်ထဲမှာ  လည်ပတ်နိုင်ဖို့ကြိုးစားနေပါတယ်။ နိင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုကို ခံနေရတဲ့ စစ်ကောင်စီဟာ ပင်းပက်- [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြင်ဦးလွင်မြို့လယ်မှာ အသတ်ခံထားရတဲ့ အမျိုးသား အလောင်းနှစ်လောင်းတွေ့

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ မြို့လယ်မှာ ဓားဒဏ်ရာတွေနဲ့ အတူအသတ်ခံထားရတဲ့ အမျိုးသား  ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မနက်ပိုင်းမှာတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ပြင်ဦးလွင်မြို့ရဲ့ လူစည်ကားရာ နေရာတခုဖြစ်တဲ့ချယ်ရီလမ်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတ္တရာမြို့နယ်အနီးက ကျေးရွာတချို့ စစ်ကြောင်းထိုးခံနေရလို့ ဒေသခံထောင်ချီစစ်ရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးက တချို့ကျေးရွာတွေကို စစ်ကြောင်းထိုးခံရလို့ ဒေသခံတွေ နီးစပ်ရာနေရာတွေမှာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။ အခုလအစောပိုင်းက စပြီးစစ်ကောင်စီက မတ္တရာမြို့အနီးတဝိုက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာထဲစစ်ကြောင်းထိုးနေသလို ဒေသကာကွယ်ရေး အဖွဲ့တွေကလည်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပန်းညိုရွာနားမှာစစ်အုပ်စုတိုက်ခိုက်ခံရပြီးနောက် ဒေသခံလေးဆယ်လောက်ကိုဖမ်းဆီးထား

မန္တလေးတိုင်း၊ မြင်းခြံမြို့ ဆင်ချောင်းရွာဖက်ကနေ မကွေးတိုင်း ရေစကြိုမြို့ ပန်းညိုရွာကို ဧရာဝတီမြစ်ကူးက စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မနေ့ ဇန်နဝါရီ ၇ရက်နေ့က ဒေသခံကာကွယ်ရေးတပ်တွေက မြစ်လယ်မှာတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့  မြင်းခြံ 21 Gurilla [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရမည်းသင်းအကျဉ်းထောင်က နိုင်ကျဉ်းတချို့ ပြန်လွတ်လာ ကဗျာဆရာမျိုးတေဇမောင်နဲ့ NLD ပါတီဝင်တချို့ပါဝင်

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အကျဉ်းထောင်ကနေ  စစ်တပ်အာဏသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ ဒီကနေ့ဇန်နဝါရီ ၄ရက် လွတ်လပ်ရေးနေ့စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့  ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့  ပျဉ်းမနားမြို့က ကဗျာဆရာ မျိုးတေဇာမောင်၊ ရမည်းသင်းခရိုင် NLD ဥက္ကဋ္ဌဟောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးတိုင်း အတွင်းက အကျဉ်းသား တထောင့်သုံးရာ ကျော်လွှတ်ဖို့ရှိတယ်ဆိုလို့ စောင့်ဆိုင်းနေကြ

မန္တလေးတိုင်း အတွင်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသား ၁၃၀၀ ကျော်လောက် ဒီကနေ့ ဇန်နဝါရီ ၄ရက်နေမှာ လွှတ်ဖို့ရှိတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။   အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်အထိ ပါလာမလဲဆိုတာတော့ မသိရသေးဘူးလို့ဆိုပါတယ်။   ဒီကနေ့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NLD ပါတီဝင် တရားလွှတ်တော် ရှေ့နေဒေါ် ရွက်နုအောင် အလုပ်နဲ့ ထောင်ဆယ့် ငါးနှစ်ချမှတ်ခံရ

မန္တလေးတိုင်း NLD ပါတီ ဥပဒေအကြံပေးအဖွဲ့ဝင် တဦးဖြစ်သလိုဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် ကို အိုးဘိုထောင်တွင်း တရားရုံးက  ဒီဇင်ဘာ (၂၈)ရက် ဒီထကနေ့မှာအလုပ်နဲ့ ထောင်၁၅ နှစ်ချလိုက်တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]