ဒေသအလိုက် သတင်းကဏ္ဍ

ဆောနယ်က လမ်းပိုင်း ၃ ခုကို ဖြတ်သန်းသွားလာတာ မလုပ်ဆောင်ဖို့ ကြေညာ

မကွေးတိုင်း ဆောဒေသအတွင်းရှိ ဆော-ကျောက်ထုလမ်းပိုင်း၊ ဆော-ဆိပ်ဖြူလမ်းပိုင်းနဲ့ ဆော-လောင်းရှည်လမ်းပိုင်း ၃ ခုကို ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ ဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဖို့ ဆော PDF က ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီကနေ့ ဆောမြို့နယ် တိုက်ပွဲအတွင်း စစ်အုပ်စုက ၁၀ ဦးခန့်သေ

မကွေးတိုင်း ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာနဲ့ ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာအကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုက ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ CDF Kanpetlet ကသတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ မနက် ၈နာရီ ၃၀မိနစ်ခန့်မှ အကြမ်းဖက်စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်မြို့နယ်၊ ဝန်းချုံတောင်ကုန်းပေါ် မိုင်းဆွဲခံရလို့ စစ်အုပ်စုဝင် ၃ ဦးသေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်ချုံးရွာ အနောက်ဘက်တောင်ကုန်းပေါ်မှာ မိုင်းဆွဲခံရတာကြောင့် အကြမ်းဖက်စစ်အုပ်စုဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက် နေ့ခင်းပိုင်းမှာ ဝန်ချုံးရွာ အနောက်ဘက်တောင်ကုန်းပေါ် အကြမ်းဖက်စစ်သား၊ ပျူစောထီးတို့နဲ့ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုလည်းပြုလုပ်ခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းမှာ ပြည်သူတွေရဲ့ နေအိမ်ကိုမီးရှို့နေတဲ့ စစ်အုပ်စု အတိုက်ခံရပြီး ၁၀ ဦးသေ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဆဲတဲကျေးရွာမှာ ပြည်သူတွေရဲ့ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၁၀ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ CDSOM က ဒီကနေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူသတ်တရားခံ ပျူစောထီးဆိုတဲ့ ညီအစ်ကိုသုံးဦးကို ဂန့်ဂေါ PDF ဖမ်းဆီးရမိ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းမှာ ခိုးဆိုးလုယက်ပြီး လူသတ်ခဲ့တယ်လို့ဆိုတဲ့ ပျူစောထီး ညီအစ်ကို ၃ ဦးကို “Master” PDF Gangaw က ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ ပြည်သူတွေရဲ့ သတင်းပေးချက်အရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ မဲဇလီစခန်းကို PDF က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ အကြဖမ်းဖက်စစ်အုပ်စုရဲ့ မဲဇလီရဲစခန်းကို PDF ပူးပေါင်းအဖွဲ့က M79 ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွင့်ဖြူ PDF က သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်မိုင်းဆွဲခံရ၊ ၂ ဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့က သပြေညိုရေနံမှော်နဲ့ ရေကားရေနံမှော်ကြားမှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်သား ၁၀၀ လောက်ကို မြိုင် PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်၊ လင်းကတော ရဲစခန်းထဲက ဖမ်းမိတဲ့မိသားစုတွေကို ပြည်သူဘက်ရပ်ဖို့မှာပြီး ပြန်လွှတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက လင်းကတောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိတဲ့ မိသားစုဝင်တွေကို ပြည်သူဘက်ရပ်တည်ဖို့ မှာကြားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကို မြိုင်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုံညာအဆင်းမှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိပြီး ၃၀ခန့်သေဟုဆို

၂၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း ကျောမြို့နဲ့ ဂန့်ဂေါမြို့ကြားမှာရှိတဲ့ ပုံညာတောင်အဆင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းမိုင်းဆွဲခံရပြီး ၃၀ကျော်ခန့်အထိ သေဆုံးနိုင်တယ်လို့ YDF-Kyawက ဒီကနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မနေ့က ဒီဇင်ဘာလ ၂၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက သင်္ကန်းတွေ အမြောက်အမြား ဝယ်ယူသွားပြီး အယောင်ဆောင်ဖျက်ဆီးမှုတွေ လုပ်ဆောင်လာနိုင်

၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း ယောဒေသ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ သင်္ကန်းအရောင်းဆိုင်တွေမှာ စစ်အုပ်စုက သင်္ကန်းအစုံရေ ၂၀၀ခန့်ကို ဝယ်ယူသွားသည်ဟု သတင်းတွေရရှိခဲ့ပြီးနောက် ဘာသာရေးပဋိပက္ခတွေနဲ့ ရဟန်းအယောင်ဆောင် အကြမ်းဖက်မှုတွေ လုပ်ဆောင်လာနိုင်တာမို့ သတိပြုကြဖို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]