နိုင်ငံရေး

ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့ကို စစ်ကောင်စီတပ် ပိတ်ဆို့ထားတာ တလကျော်ကြာမြင့်လာ

သြဂုတ်၊ ၆   ကရင်နီ (ကယား)ပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့က မြို့ခံတွေကို စစ်ကောင်စီတပ်က ဇွန်လကုန်လောက်ကတည်းက မြို့ပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတာကြောင့် မြို့ခံသုံးရာကျော် ပိတ်မိနေတယ်လို့ ကရင်နီတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။   ” စစ်ကောင်စီက ထွက်ခွင့်မပေးတဲ့အတွက်မို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘော်လခဲမှာ ရဲစခန်းအပါအဝင်နေရာလေးနေရာကို တော်လှန်ရေးအင်အားစုတွေ တပြိုင်တည်းဝင်စီး

မေ၊ ၃   ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ ဘော်လခဲမြို့တွင်းက စစ်ကောင်စီစခန်းချထားတဲ့ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.က ရုံး၊ မြို့မရဲစခနန်းနဲ့ ရုပ်/သံလွှင့်ဌာနတို့ကို ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်တို့က ဧပြီလ ၁ ရက်က တပြိုက်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်မှုထမ်းဟောင်းရုံးကို မီးရှို့ဖျက်စီးနိုင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘော်လခဲမှာ စစ်ကောင်စီက ပေါင်ငါးရာဗုံးနဲ့ ငါးကြိမ်တိုက်ခိုက်လို့ အရပ်သား သုံးဦးသေ၊ ငါးဦးဒဏ်ရာပြင်းထန်

မတ် ၊ ၂၄ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဘော်လခဲမြို့နယ်၊ ဝမ်ဗလကျေးရွာအနီးမှာ ယမန်နေ့က စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ၅ ကြိမ်တိုင်တိုင် လေကြောင်းနဲ့ ဗုံကျတိုက်ခိုက်တဲ့အတွက် သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်သူ ၃ ဦး သေဆုံးပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတဦးအပါအဝင် ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ ” ကျွန်တော်တို့နေတာက ဒီဘက်ကမ်း။ သူတို့က ဟိုဘက်ကမ်း။ တံတားပဲခြားတာ။ အဲ့ဒါကို စစ်ကောင်စီတပ်ဘက်က ဟိုဘက်အခြမ်း ပွန်ချောင်းအနောက်ဖက်ကမ်း၊ ရေနီပေါက်ကျေးရွာဘဲ။ ကားလမ်းပေါ်က အမျိုးသမီးတစ်ဦး၊ ကျောင်းသားလူငယ်နှစ်ဦးနဲ့ အရပ်သားသုံးဦးကို ဖမ်းသွားတာ” လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဖမ်းဆီးခံရသူ ခုနှစ်ဦးကို လက်ရှိအချိန်အထိ စစ်ကောင်စီက ပြန်မလွှတ်သေးဘူးလို့လည်း ဆိုပါတယ်။ မတ်လ ၁၆ရက်က အင်အား ၁၂၀ခန့်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ပွန်းချောင်းအနောက်ဘက်ကမ်းကနေ ရောက်ရှိလာပြီး ရေနီပေါက်ကြိုးတံတားဘက်ကနေ စစ်ကြောင်းထိုးလာချိန်မှာ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ကင်းထောက်ရဲဘော်နှစ်ဦးက တွေ့ရှိပြီး စတင်ပစ်ခတ်ခဲ့တာကြောင့် နာရီဝက်ခန့်ကြာ နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ဆယ်ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဟာ ရေနီပေါက်ကျေးရွာရဲ့ဒေသကာကွယ်ရေးအဖွဲ့တွေ ရှိတဲ့ဘက်ကို လက်နက် ကြီးနဲ့ လေးချက်ပြန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့လည်း ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ” ပစ်တဲ့အထဲမှာ မီးလောင်ဗုံးတလုံးလည်းပါတော့ ဒဏ်ရာက ပြင်းတယ်။ လက်ရှိမှာ လေးဦးကို တနေရာမှာ ဆေးကုသပေးနေပါတယ် ” လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နှစ်ဖက်ထိတွေ့မှုတိုက်ပွဲမှာ အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၇)၊ အမှတ်(၁၁၀၁)၊ အမှတ်(၁၁၀၂)၊ အမှတ်(၁၁၀၄)၊ အမှတ်(၁၁၀၅)၊ အမှတ်(၁၁၀၆)၊ အမှတ်(၁၁၀၈)တပ်ရင်းနဲ့ KNDFတပ်ရင်း-၂၁ စတဲ့ တဲ့ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး DNA သတင်းဌာနက ဒေသခံတွေကိုမေးမြန်းနိုင်ဖို့အတွက် ဆက်သွယ်ဖို့ကြိုးခဲ့ပေမယ့် ဒေသခံတွေရဲ့လုံခြုံရေးအရ မေးမြန်းခွင့်မရခဲ့ပါဘူး။

မတ်၊ ၁၉   ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတဦးအပါအဝင် ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]