နိုင်ငံရေး

Live လွှင့်ရင်း စစ်တပ်ကိုဝေဖန်မိတဲ့ တပ် ထောက်ခံသူထောင်သုံးနှစ်ချခံရ

လူမှုကွန်ရက်မှာ Live လွှင့်ရင်း စစ်ကောင်စီဟာ ထိရောက်တဲ့အရေးယူမှုတွေမလုပ်နိုင်ဘူးလို့ ဝေဖန်တာကြောင့် ဖမ်းဆီးခံရတဲ့ ပန်းတောင်းမြို့နယ်က တပ်ထောက်ခံသူတဦးထောင်သုံးနှစ်ချမှတ်ခံလိုက်ရပါတယ်။   ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပန်းတောင်း မြို့နယ် အမျိုးသားညီညွတ်သော ဒီမိုကရက် တပါတီ ဥက္ကဌဖြစ်သလို တပ်ထောက်ခံသူတဦးလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်ရိုးမပေါ်မှာ ကားပျက်လို့ ကူဆွဲပေးရာက နှစ်စီးလုံးတောင်တက်လမ်းပေါ်ကပြုတ်ကျ၊ တဦးသေဆုံး

ပဲခူးတိုင်း အနောက်ပိုင်း၊ ပန်းတောင်းမြို့နယ် ရခိုင်ရိုးပေါ်က ပြည်-တောင်ကုတ်ကားလမ်းမမှာ ဒီဇင်ဘာ (၂၀)ရက် နေ့လယ်ပိုင်းက ခြောက်ဘီး ကားနှစ်စီး တောင်တက်လမ်းပေါ်ကပြုတ်ကျလို့ ကားမောင်းသူ အမျိုးသားတဦး သေဆုံးပြီး နှစ် ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက DNAကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာယာဝတီမှာ စစ်ကောင်စီလှည့်ကင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ အနောက်ပိုင်း သာယာဝတီမြို့နယ်အတွင်းမှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာ(၁၉)ရက် မနေ့ကည(၉)နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။   “စစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့အချိန်ဆိုင်ကယ်တွေနဲ့ လှည့်ကင်းထွက်လာတာ ရန်ကုန်-ပြည်ကား လမ်းမ ပေါ်တနေရာအရောက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဇီးကုန်းမြို့ခံ အမျိုးသားတဦးကိုဖမ်းသွားပြီးနောက် သုံးရက်အကြာမှာ နှလုံးရပ်သေတယ်လို့ စစ်တပ်ကမိ သားစုကိုအကြောင်းကြား

ပဲခူးတိုင်း၊ ဇီးကုန်းမြို့ခံ အမျိုးသားတဦးကို စစ်တပ်က ဖမ်းခေါ်သွားပြီး သုံးရက်အကြာမှာ နှလုံးရပ်သေဆုံး သွား တယ်လို့ မိသားစုကို အသိပေးကာ အလောင်းလာကြည့်ခွင့်ပြုပြီး အကျဉ်းချုံး သင်္ဂြိုလ်စေခဲ့တယ်လို့ သေဆုံး သွား သူရဲ့မိသားစုနဲ့ နီးစပ်သူတဦးကDNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံဃာတစ်ပါးမောင်းနှင်လာတဲ့အိမ်စီးကား လမ်းဘေးသစ်ပင်ဝင်တိုက်မိလို့ နှစ်ဦးသေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်-တောင်ကုတ်လမ်းပေါ်မှာ သံဃာတပါးမောင်းနှင်လာတဲ့ အိမ်စီးကားတစီး လမ်းဘေးသစ် ပင်ဝင်တိုက်မိလို့ မောင်းနှင်လာတဲ့ သံဃာတော်နဲ့ ကလေးတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ဆရာတော်က အရိုးအကြောဆေးရုံရောက်ပြီးမှ ဆုံးသွားတယ်၊ ကလေးကညဘက်မှာဆုံးတာပေါ့ အက်စီးဒင့်ဖြစ်ပြီးထဲက သတိပြန်မလည်လာတော့တာ” လို့ ဖြစ်စဉ်မှာ ကယ်ဆယ်ရေးလုပ်ပေးခဲ့သူတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေတောင်မြို့နယ်က ဆယ့်ရှစ်နှစ်အရွယ် အကသကျောင်းသား ထောင်ဆယ်နှစ် ချမှတ်ခံရ

ပဲခူးတိုင်းအနောက်ပိုင်း ၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်က အကသအဖွဲ့ဝင် ကျောင်းသား ကိုဖုန်းပြည့်ပိုင်ကို ပြည်ခ ရိုင်တရားရုံးက အောက်တိုဘာ (၁၄)ရက်မှာ ထောင်ဒဏ်ဆယ်နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ ကိုဖုန်းပြည့်ပိုင်ကို စစ် ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ စွဲဆိုထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်ခေါင်းမြို့ လဝကရုံးနဲ့စည်ပင်ရုံးမိုင်းခွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပေါက်ခေါင်းမြို့ လဝကရုံးနဲ့ စည်ပင်ရုံးတွေကို စက်တင်ဘာ (၂၅)ရက် ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Paukkaung Liberation Force က ထုတ်ပြန်ပါတယ်။ “အခုစစ်ဆင်ရေးကပေါက်ခေါင်းမြို့နယ်ထဲမှာဆိုရင် ဒုတိယစစ်ဆင်ရေးလို့ပြောလို့ရပါတယ်၊ကျွန်တော်တို့တွေ ပထမအကြိမ် အနေနဲ့ အရိပ်မဲ့စစ်ဆင်ရေးဆိုပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သတင်းပေးလို့ အများကသတ်မှတ်ထားသူ၄ဦးကို ကြို့ပင်ကောက်မှာ ရှင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စစ်သတင်းပေးလို့အများက သတ်မှတ်ထားသူ၄ဦးကို ရှင်းလင်းခဲ့ ကြောင်း ကြို့ပင်ကောက်PDF ကသတင်းထုတ်ပြန်ပါတယ်။ ဇွန်လ၂၇ရက်နေ့ည ၈နာရီလောက်မှာ ကြို့ပင်ကောက်မြို့နယ်၊ကျောက်စရစ်ကုန်းရွာနေ ရာအိမ်မှူးဦးလှကြည်နဲ့ဇနီးအပါအဝင် သူတို့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ ဝင်းမြင့်နဲ့ ခင်ဇော်တို့ကို သာယာဝတီခရိုင်PDFတပ်ရင်း၃၈၀၁၊တပ်ခွဲ၁ က စစ်ရေးပစ်မှတ်အဖြစ် သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။ သူတို့၄ဦးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာတပ်စွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်၊၄ဦးသေကြောင်းထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ဒေါင့်အင်းကုန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးသေဆုံးခဲ့ကြောင်း Yedashe-PDF 2 က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဒေါင့်အင်းကုန်းရွာမှာ အကြမ်းဖက်စစ်သားအင်အား၅၀လောက်တပ်စွဲထားပြီး ဇွန်၁၅ရက်နေ့ ညနေ၆နာရီ လောက်မှာ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကဝမှာ အိမ်ချိပ်ပိတ်တာကို ဆက်တိုက်ပြုလုပ်လာ

အခုရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ကဝမြို့နယ်ထဲမှာ အိတ်ချိပ်ပိတ်တာတွေကို အကြမ်းဖက်စစ်အုပ်စုက တောက် လျှောက်ပြုလုပ်လာတယ်လို့သိရပါတယ်။ ချိပ်ပိတ်ခံရတဲ့အိမ်တွေရဲ့ပိုင်ရှင်တွေကို PDFတွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲချက်နဲ့ ချိပ်ပိတ်နေခြင်းဖြစ်တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Kawa Information ကဖော်ပြပါတယ်။ ဇွန်လ၄ရက်နေ့တုန်းက ကဝမြို့နယ်ဖလေး-ညောင်ပင်လေးဆိပ်ကဦးဝင်းမြင့်အိမ်ကိုစစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်ခဲ့သလိုကဝမြို့နယ်၊ ကြာတောကျေးရွာက ဦးစိုးသန်းရဲ့နေအိမ်ကိုလည်း [ဆက်လက်ဖတ်ရှုရန်]