No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ရဟန်းရှင်လူ သောင်းချီပို့ဆောင်နှုတ်ဆက်ပူဇော်ခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော် အန္တိမဈာပန၊အွန်လိုင်းက ကြည့်ရှုမှုတသန်းကျော်အထိရှိ

 Photo ဝင်းနိမ္မိတာရုံစာသင်တိုက် ဇွန်၊ ၂၇ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ အန္တိမဈာပနကို ဒီကနေ့ ပဲခူးမြို့မှာ ကျင်းပခဲ့ပြီး သံဃာတော်တွေအပါအဝင် လူဦးရေသောင်းချီပို့ဆောင်နှုတ်ဆက်ပူဇော်ခဲ့ကြသလိုအွန် လိုင်းကနေ ပူဇော်ကြသူတွေလည်းအများအပြားရှိခဲ့ပါတယ်။ သက်တော် ၇၈နှစ်၊သိက္ခာတော် ၅၈ဝါရှိ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ရုပ်ကလာပ်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲနွယ်ကုန်းမှာ လက်လုပ်ဗုံးကို ကော်ထုတ်ရာက ပေါက်ကွဲလို့ တဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ဇန်နဝါရီ၊ ၂၂   ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ သဲကောကျေးရွာမှာ မနေ့ မနက်ဆယ်နာရီလောက်က ကားဝပ်ရှော့အနီး တွေ့ရတဲ့ လက်လုပ်ဗုံး တလုံးကို ကော်ထုတ်ရာက ဗုံးပေါက်ကွဲလို့ အရပ်သားတဦး သေဆုံးကာ ငါးဦးဒဏ်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေကျင်က စစ်ကောင်စီတပ်စခန်းတခုကို KNLA ပူးပေါင်းတပ်သိမ်းပိုက်

နိုဝင်ဘာ၊ ၁၇   ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၅၁) တပ်ရင်း အခြေစိုက်တဲ့ တပ်စခန်းတခုကို ဒီကနေ့မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်နီမှာ ရေကြီးလို့ စစ်ရှောင်တွေအပါအ၀င် လူနှစ်ထောင်၀န်းကျင် အရေးပေါ်ရွေ့ပြောင်းနေရ

အောက်တိုဘာ၊ ၁၃   ကရင်နီ (ကယား)ပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် လွိုင်ကော်မြို့နယ်အတွင်းက စစ်ရှောင်တွေအပါအဝင် လူဦးရေ နှစ်ထောင်လောက် အရေးပေါ်ရွှေ့ပြောင်းခဲ့ကြရသလို မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ် ဒေသခံတွေလည်း အခြေအနေ စောင့်ကြည့်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။   မိုးအဆက်မပြတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တံခါးပေါက် ဘယ်ဘက်မှာထားတဲ့ ပဲခူးခရီးသည်တင်ကားတွေ ရန်ကုန်ဝင်ခွင့်မပေးဘူးလို့ ကန့်သတ်

အောက်တိုဘာ၊ ၁၃   ရန်ကုန်-ပဲခူး ပြေးဆွဲတဲ့ ခရီးသည်တင် မီနီဘတ်စ်ကားတွေထဲက လက်ဝဲဘက်မှာ အတက်အဆင်း တံခါးပေါက် ထားရှိတဲ့ ကားတွေကို ရန်ကုန်တိုင်းထဲ ဝင်ခွင့်မပေးတော့ဘူးလို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ကန့်သတ်လိုက်တာကြောင့် အခက်ကြုံနေကြရတယ်လို့ ယာဥ်ပိုင်ရှင်တချို့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တောင်းမြစ်ဝှမ်းနဲ့ ဧရာဝတီမြစ် အနောက်ကမ်းဒေသကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG ပြော

အောက်တိုဘာ၊ ၁၂ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေဟာ စစ်တောင်းမြစ်ဝှမ်းနဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဒေသတွေကို စိုးမိုးနိုင်ဖို့ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။   ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သဲကုန်းမြို့ ပြည်ခိုင်ဖြိုးအမတ်ဟောင်း ပစ်သတ်ခံရလို့ သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ ပြည်ခိုင်ဖြိုး အမတ်ဟောင်းတဦးကို အောက်တိုဘာလ ၁၂ ရက်၊ မနက် ၆ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့ပေါ်မှာ ရေစတင်လျော့ကျ၊ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာတွေ အကူအညီဆက်လိုနေသေး

အောက်တိုဘာ၊ ၁၁ ရေကြီးရေလျှံမှု ကြုံနေရတဲ့ ပဲခူးမြို့မှာ ဒီကနေ့ကစလို့ မြို့ပေါ် ရပ်ကွက်တချို့ ရေလျော့ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေလွှမ်းနေဆဲဖြစ်ပြီး ကူညီရေးလုပ်ငန်းတွေ လုပ်နေရဆဲပဲလို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ “ မြို့ပြင်နားကဆိုရင် လမ်းမဘေးနားက ရွာတွေဆိုရင် ဝင်ရတာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူး ရေဘေးသင့် ပြည်သူတွေ ပြည်သူချင်း ထောက်ပံကူညီမှုကိုသာ အားထားနေရ

အောက်တိုဘာ၊ ၁၀ ပဲခူးမြို့ရေဘေးသင့်နေတဲ့ ကာလအတွင်း ပြည်သူအချင်းချင်း ထောက်ပံ့ကူညီမှုတွေကိုပဲ အားထား ဖြတ်ကျော် နေရတယ်လို့ ရေဘေးကြုံနေရသူတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေက DNAကိုပြောပါတယ်။ ဒီကနေ့အထိ ရေဘေးကြောင့်ဒေသခံတွေဒုက္ခရောက်နေတဲ့ လေးရက်တာအတွင်း စစ်ကောင်စီဘက်ကထိရောက် တဲ့ကူညီထောက်ပံ့မှုတွေမပေးနိုင်သလို အရေးတယူလည်းရှိမနေဘူးလို့ပဲခူးမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့ခေါင်း ဆောင်တဦးကပြောပါတယ်။ “ဒါကနိုင်ငံတော်အဆင့်ကပ်ဘေးကိစ္စလေ၊သဘာဝဘေးရန်ပုံငွေတွေဘယ်ရောက်ပြီးဘယ်လောက်သုံးလဲကအစ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့မှာ ရေကြီးရေလျှံလို့ လူဦးရေထောင်ချီ အရေးပေါ် ရွှေ့ပြောင်းနေရ

သြဂုတ်၊ ၁၁   ပဲခူးမြစ်ရေတက်ပြီး ရေကြီးနေတာကြောင့် ပဲခူးမြို့ပေါ် အနိမ့်ပိုင်းနေရာတွေမှာ နေထိုင်သူတွေအပါအဝင် လူဦးရေ ထောင်နဲ့ချီကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေ ဆီရွှေ့ပြောင်းပေးထားရတယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။   ပဲခူးမြစ်ရေဟာ ပြီးခဲ့တဲ့နှစ်ရက်အကြာ ဩဂုတ် [ဆက်လက်ဖတ်ရှုရန်]