
အင်းစိန်ထောင်အနီး ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွါး
ဇွန် ၆ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဥ်းထောင်၊မင်းစေတီဝင်ပေါက်အနီးမှာဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီးလှိုင်မြို့နယ်အတွင်းမှာ လည်းသေနတ်ပစ်ခတ်သံအချို့ကြားရတယ်လို့ဒေသခံတွေကDNAကိုပြောပါတယ်။ “ပထမပေါက်တာက ၈နာရီခွဲလောက်မှာပေါက်တာ။ပေါက်တော့ စစ်ကားတွေရောက်လာပြီး ဗုံးပေါက်တဲ့နေရာကို စစ်ဆေးနေတဲ့အချိန်မှာ ထပ်ပေါက်တာ၊အဲ့ဒါပြီးတော့ သိပ်မကြာထပ်ပေါက်တာ။လူထိမထိတော့ ကျွန်တော်တို့လည်း အခြေအနေကြည့်နေတယ်။လက်ရှိမှာတော့ အရိပ်အရောင်မတွေ့သေးဘူး”လို့ အင်းစိန်မြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံတဦးကပြောပါတယ်။ အင်းစိန်ဗဟိုအကျဥ်းထောင်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကတော့ ပေါက်ကွဲမှုကြောင့်ပျက်စီးမှုအချို့ရှိခဲ့ပေမယ် [ဆက်လက်ဖတ်ရှုရန်]