ကျန်းမာရေး

ပုသိမ်ဆေးရုံကဆရာဝန်နဲ့သူနာပြုတွေ ကိုဗစ်ရောဂါကူးစက်ခံရ

၇၊ဇန်နဝါရီ၊၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၁၀)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်ကမ်းနားလမ်းရွှေဘုံသာ ကမနေ့ကလူနာ(၇၁၀)ရဲ့မြေးဖြစ်သူ(၃)နှစ်အရွယ်မိန်းကလေးနဲ့ မျက်နှာချင်းဆိုင်အိမ်မှာနေထိုင်တဲ့ အသက်(၅၄)နှစ်အရွယ်အမျိုးသမီးတို့ကို စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်ဆေးရုံ၀န်း သူနာပြုဆောင်မှာနေထိုင်တဲ့ အသက်(၂၅)နှစ်အရွယ်သူနာပြုဆရာမ တစ်ဦးဟာ အနံပျောက်နေတာကြောင့်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ရောဂါတွေ့ခဲ့တဲ့သူနာပြုဆရာမနဲ့ အဆောင်အတူနေသူများကိုစစ်ဆေးခဲ့ရာFever Clinicမှာတာ၀န်ကျနေတဲ့ အသက်(၂၉)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမ၊ အမျိုးသမီးခွဲစိတ်ဆောင်က အသက်(၂၇)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမ၊ [ဆက်လက်ဖတ်ရှုရန်]