နိုင်ငံရေး

ပုလောက ကဒဲရွာကိုစစ်တပ်ကစီးနင်းပြီးနောက် သံဃာနှစ်ပါးအပါအဝင်လူဆယ်ချီကိုဖမ်းဆီးသွား

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲကို  စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီး ကဒဲရွာကိုတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ကာ နေအိမ်အလုံး ၇၀ထက်မနည်းကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်က ကဒဲရွာကိုစီးနင်းမှုမှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီနေရပ်ပြန်ခိုင်း

  တနင်္သာရီတိုင်း ၊မြိတ်ခရိုင် ၊ပုလောမြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ တိုက်ပွဲကြောင့် ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီကဖိအားပေးပြီး နေရပ်ကိုပြန်ခိုင်းနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတဦးက DNAကိုပြောပါတယ်။ ” မနေ့ကဆိုရင် ဘုန်ကြီးကျောင်းတွေမှာ လာလျှောက်သွားတာပေါ့။တိုက်ပွဲလည်းမဖြစ်တော့တဲ့အတွက် အကုန်ကိုယ့်နေရာကိုပြန်ကြဖို့ပေါ့။ဒါပေမယ့်ဒီမှာရှိတဲ့ စစ်ရှောင်တွကမပြန်ရဲဘူးလေ။ဒါကိုသူတို့က ဘုန်းတော်ကြီးတွေကိုလည်း ဆက်ပြီးလက်မခံတော့ဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ ခရီးသည်တင်ကားနဲ့ လိုက်လာတဲ့ စစ်သားတဦးကို ကာကွယ်ရေးတပ်ကဖမ်းမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် သင်္ကန်းတော်ရွာလမ်းမကြီးမှာ ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ဇန်နဝါရီ (၂) ရက် ညနေလေးနာရီခွဲဝန်းကျင်မှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပုလောဒေသကာကွယ်ရေး (PRDF) တပ်ဖွဲ့ဝင်တွေက မြိတ်-ထားဝယ် ကားလမ်းမပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမြို့ပေါ်က စစ်တပ်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး အင်အားတိုးထားတယ်လို့ဆို

တင်္နသာရီတိုင်း၊ ပုလောမြို့နယ်က မြို့ပေါ်နေရာ တချို့နဲ့ စစ်ကောင်စီလုံခြုံရေးဂိတ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံရေးအင်အားအများအပြားတိုးချထားတယ်လို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က စပြီး ပုလောမြို့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ လက်နက်ကြီးထိလို့ လူငယ်တစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိန္နဲတောင်ကျေးရွာမှာ ဇူလိုင်လ ၁၉ ရက်နေ့က အကြမ်းဖက်စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ထိပြီး လူငယ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၂ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ပိန္နဲတောင်ကျေးရွာရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ လက်နက်ကြီးကျလို့ ဒေသခံတစ်ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မှော်မိကျေးရွာမှာ ဇူလိုင်လ ၁၂ ရက်နေ့ညနေက လက်နက်ကြီးကျလို့ ဒေသခံတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ညနေ ၅ နာရီခန့်က ပုလောအရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ မှော်မိ၊ ဂျင်ဂါ၊ ကျောင်းနိမ့်ကျေးရွာတွေဘက်ကို အကြမ်းဖက်စစ်တပ်က ပုလောတပ်ရင်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ တိုက်ပွဲပြင်းထန်၊ စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Palaw Regional Defense Force (PRDF) က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ပုလောမြို့နယ်၊ နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၂ ဦးသေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ၃ နာရီခွဲကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ၁ရက်နေ့၊ နေ့ခင်း ၁၂ နာရီခွဲလောက်က ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာထဲ စစ်ကြောင်းချီဝင်လာတဲ့ အကြမ်းဖက်တပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောဘက် တက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊စစ်သား ၁၀ ဦးလောက် သေဆုံးနိုင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး လောက် သေဆုံးနိုင်တယ်လို့ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ထုတ်ပြန်ပါတယ်။ ဧပြီ ၂၆ ရက်နေ့ည ၈ နာရီခွဲလောက်မှာ မြိတ်ဘက်ကနေတက်လာတဲ့ စစ်ကား [ဆက်လက်ဖတ်ရှုရန်]