နိုင်ငံရေး

မြန်မာဒီမိုကရေစီပြန်ရရေး အာဆီယံ ၃ နိုင်ငံနဲ့ ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ခရီးစဉ်စတင်

မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ စစ်အုပ်စုကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအပေါ် တာဝန်ခံမှုရှိ စေရေးအတွက် အာဆီယံနိုင်ငံတချို့နဲ့ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချိုးလက်ရဲ့ အရှေ့တောင်အာရှခရီးစဉ်ကို ဒီကနေ့စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒဲရစ်ချိုးလက်ဟာ ဇွန်လ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်ကာပူနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွေးကောက်ခံခေါင်းဆောင်တွေအပေါ် အတုအယောင်တရားစီရင်ရေးနဲ့ ပြစ်ဒဏ်ချတာမလုပ်ဖို့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံပြော

ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေ အပေါ် အတုအယောင် တရားစီရင်ရေးကိုသုံးပြီး ပြစ်ဒဏ် ချမှတ်နေတာတွေ မလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချိုးလက်က တောင်းဆိုလိုက်ပါတယ်။ ဧပြီ၂၈ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်စစ်အုပ်စုတရားရုံးက နောက်ထပ်ထောင်ဒဏ်၅နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဒဲရစ်ချိုးလက်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရားမျှတမှု ဖော်ဆောင်ရေး မြန်မာပြည်သူတွေအတွက် ကြိုးပမ်းသွားမယ်လို့ အမေရိကန်ပြော

အကြမ်းဖက်စစ်​အုပ်စုရဲ့ ရာဇဝတ်မှုကျူးလွန်​တာတွေအ​ပေါ် တရားမျှတမှု ဖော်​ဆောင်နိုင်ဖို့ မြန်မာပြည်သူ​တွေအတွက် ကြိုးပမ်းသွားမယ်လို့ အ​မေရိကန် နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံ​ပေး မစ္စတာဒဲရစ်ချိုးလက်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ NUG အစိုးရဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အဖွဲ့တို့ တွေ့ဆုံစဉ် ဒဲရစ်ချိုးလက်က အဲဒီလိုပြောကြားခဲ့တယ်လို့ NUG [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်မှုရပ်တန့်ရေးဖိအားပေးဖို့ ကုလအထူးကိုယ်စားလှယ်နဲ့ ဒဲရစ်ချိုလက် ဆွေးနွေး

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေ အကြမ်းဖက်မှုရပ်တန့်ရေးအတွက်ဖိအားပေးဖို့ ကုလအထူးကိုယ် စားလှယ်နဲ့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမူဝါဒရေးရာအကြံပေး ဒဲရစ်ချိုလက်က ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ်နိုလင်းဟေဇာနဲ့ တွေ့ ဆုံဆွေးနွေးခဲ့တယ်လို့ ဒဲရစ်ချိုလက်က ဒီကနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့တာပါ။ အကြမ်းဖက်မှုရပ်တန့်ရေးအပြင် မြန်မာပြည်သူတွေအတွက် [ဆက်လက်ဖတ်ရှုရန်]