ဒေသအလိုက် သတင်းကဏ္ဍ

ယာယီ သမ္မတဒူဝါလရှီးလ မိုခါမုန်တိုင်းသင့်ပြည်သူတွေဆီသွားရောက်အားပေး

ဇွန် ၊ ၃ အမျိုးသားညီညွတ်ရေးအစိုးရ  ယာယီသမ္မတ ဒူဝါလရှီးလ လွတ်မြောက်နယ်မြေတနေရာက မိုခါမုန်တိုင်းသင့်ပြည်သူတွေကို သွားရောက်အားပေးတွေ့ဆုံတဲ့ ဓါတ်ပုံမှတ်တမ်းတွေကို  NUG က ဒီကနေ့ ဇွန်လ ၃ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလဟာဆိုရင် မုန်တိုင်းသင့်ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယာယီသမ္မတဒူဝါလရှီးလရဲ့လူမှုကွန်ရက်စာမျက်နှာတိုက်ခိုက်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  ယာယီသမ္မတဒူဝါလရှီးလရဲ့လူမှုကွန်ရက်စာမျက်နှာဟာစစ်အာဏာသိမ်း ၂နှစ်ပြည့်တဲ့ဖေဖော်ဝါရီ ၁ရက်နေ့မှာ မသမာသူတွေရဲ့တိုက်ခိုက်တာခံလိုက်ရတယ်လို့NUG က ဒီကနေ့ ဖေဖော်ဝါရီ ၃ရက်မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်း ၂နှစ်ပြည့်တဲ့ အဲဒီနေ့မှာ နိုင်ငံတဝန်းမှာစစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အသံတိတ်သပိတ်နဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး အသံတိတ်သပိတ်အောင်မြင်တဲ့အတွက် အောင်ပွဲခံနေချိန်အခုလို လူမှုကွန်ရက်စာမျက်နှာတိုက်ခိုက်ခံလိုက်ရတာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ မီးစတဖက်၊ရေမှုတ်တဖက် ဗျူဟာကို သတိထားဖို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလပြော

မီးစတဖက် ရေမှုတ်တဖက်နဲ့ ရက်စက်ယုတ်မာမှုစရိုက်အပြည့်ရှိတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ဗျုဟာကို သတိ ထားဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်ပြောတဲ့ မနေ့က မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အမျိုးသားနေ့ကိုအကြောင်းပြုပြီး နိုင်ငံရေးအကျဥ်းသား အနည်းစုနဲ့ တခြား အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လာမယ့်နှစ်မှာ ပိုမိုကျယ်ပြန်တဲ့ စစ်ရေး၊နိုင်ငံရေးရလဒ်တွေထွက်လာဖို့ တော်လှန်ရေးအရှိန်မြှင့်မယ်လို့ NUG ပြော

လာမယ့် တနှစ်အတွင်း ပိုမိုကျယ်ပြန့်တဲ့ စစ်ရေး၊နိုင်ငံရေးရလဒ်တွေထွက်လာဖို့ တော်လှန်ရေးအရှိန်အဟုန် မြှင့် တင်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလကပြောပါတယ်။ “စိုးမိုးထိန်းချုပ် နယ်မြေပေါင်းများစွာပေါ်လာလိမ့်မယ်”လို့ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်းကြေညာတဲ့ တနှစ်ပြည့်အနေနဲ့ ဒီကနေ့ မိန့်ခွန်းပြောရာမှာ ယာယီ သမ္မတက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြောက်စိတ်ကင်းပြီး လွတ်မြောက်ခြင်းတရားရဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းပြခဲ့သူလို့ပြော

အကြောက်တရားကနေ ကင်းလွတ်ပြီး လွတ်မြောက်ခြင်းတရားရဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့ဆောင်လမ်းပြခဲ့သူ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်မြောက် မွေးနေ့ အခမ်းအနားမှာ ယာယီသမ္မတဒူဝါလရှီးလက အမှာစကား ပြောကြားရာမှာ အဲဒီလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင် လိမ်ညာပြုလုပ်မယ့် ရွေးကောက်ပွဲကို ချေဖျက်နိုင်ဖို့ ယာယီသမ္မတ လမ်းညွှန်

အခုကာလဟာ မင်းအောင်လှိုင် လိမ်ညာပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးနဲ့စစ်ရေး ၂ ခုစလုံးနဲ့ ချေဖျက်နိုင်အောင် ပြင်ဆင်ရမယ့် အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝးမှာ ယာယီသမ္မတက အဲဒီလို ပြောကြားခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို ပြင်းထန်စွာရှုတ်ချကြောင်း ယာယီသမ္မတပြော

ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တွစ်တာမှာ ရေးသားလိုက်ပါတယ်။ တရားမျှတမှု ကင်းမဲ့စွာနဲ့ ကျူးကျော်မှုဒဏ် ခံနေရတဲ့ ယူကရိန်းပြည်သူတွေအတွက် ဆုမွန်ကောင်း တောင်းပေးနေတယ်လို့ ယာယီသမ္မတက ဆိုသလို ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ [ဆက်လက်ဖတ်ရှုရန်]